ဒါရိုက်တာစင်ရော်မောင်မောင်နှင့်ရုပ်ရှင်သရုပ်ဆောင်ဖွေးဖွေး တို့ ဖြစ်ပွားခဲ့တဲ့ ပြဿနာနှင့် ပတ်သက်ပြီး စင်ရော်မောင်မောင်မှနေ၍ စာတင်တဲ့ အထိပြုလုပ်ခဲ့သည်များရှိသော်လည်း ဖွေးဖွေးဘက်မှနေ၍ ပရိသတ်တွေအား ဖြေရှင်းမယ်ပြောပြီး.....

အိပ်ရာထနောက်ကျရာမှ တရားစွဲ ခံရသည် အထိ ကိစ္စကြီးကြီးမားမားဖြစ်ပွားခဲ့သည့်ဖွေးဖွေး သည် သူမ၏ ပရိသတ်တွေအား စိတ်မပူကြရန် နှင့် သူမ မနကဖြန်ပြောပြပါ့မယ်ဟု အင်္ဂါနေ့က ပြောထားသော်လည်း ယခုအချိန်ထိ သူမ ဘက်မှ ဘာသံမှမကြားရသေးပါ။

ဖွေးဖွေးရဲ့ ပရိသတ်တွေက သူမဘက်က အပြည့်အဝထောက်ခံ စမြဲဖြစ်သော်လည်း သူမဘက်က ထိုကိစ္စနှင့် ပတ်သက်ပြီး မည်သည့် အရာမှ မတုန့်ပြန်ပဲ တိတ်ဆိပ်စွာပြုမူနေသည်ကို တွေ့ရသည့် အတွက် အချို့ တွေက တော့ အားရပုံ မပေါ်ပါ။

သူမ၏ fan page တွင် အခြားကိစ္စများ၊ ကြော်ငြာရိုက်ပြီးကြောင်း စသည့်တို့ကို တင်ခဲ့သည်မှတပါး မည်သည့်အရမျှ မတွေ့ရသေးသည်မှာ ဆိပ်ဆိပ်နေခြင်းသည် ဝန်ခံရာများပေါက်နေ မလားလို့တွေ့မိပါတော့သည်။

ပရိသတ်ကြီးရော ဘယ်လိုမြင်လဲ?

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။