တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းရေပိုင်နက်အတွင်း၊ အနောက်စူလာကျွန်းအနောက်မြောက်ဘက် ၅ ဒသမ ၅ မိုင်ခန့်အကွာတွင် ကျေးဇူးတော်-၁၂အမည်ရှိ သစ်သားကိုယ်ထည် ငါးဖမ်းလှေတစ်စီးမှ လိမ္မော်ရောင် ရေခဲပုံးများဖြင့် ထည့်ထားသော TIE GUAN YIN နှင့် China tea စာတမ်းပါ ပလပ်စတစ် အိတ်နှစ်ထပ်ဖြင့် ထုပ်ပိုးထားသည့် တစ်ထုတ်လျှင် အလေးချိန်(၁)ကီလိုဂရမ်ခန့်ရှိ ကက်တမင်း (KETAMINE) အဖြူရောင် အမှုန့်အထုပ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ငါးဖမ်းစက်လှေပေါ်မှ ဖမ်းဆီးရမိသောပစ္စည်းမျာမှာ တစ်ကီလိုဂရမ်လျှင် ကျပ်သိန်း(၂၀) ခန့်တန်ဖိုးရှိပြီး စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း (၁၈၈၀၀)ခန့်တန်ဖိုးရှိသော အလေးချိန်(၁)ကီလို ဂရမ်ခန့်ရှိသည့် ကက်တမင်း (KETAMINE) အဖြူရောင်အမှုန့်အထုပ်များ (၉၄၀)ထုပ်၊ ၁၄ ဒေါ်လာ၊ ထိုင်းဘတ်ငွေ(၁၀၀)တန်တစ်ရွက်၊ မြန်မာငွေ(၂၅၁၈၅၀ိ/)တို့ဖြစ်ပြီး တရားခံစက်လှေပေါ်ပါအမျိုးသား (၁၁)ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်၍ ကွင်းဆက်တရားခံများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

တိုင်းဒေသကြီး ပြန်/ဆက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။