Josh Sundquist

Josh ဟာအသက်၁၀နှစ်အရွယ်မှာ အရိုးကင်ဆာရောဂါခံစားရပြီး ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရပါတယ်။ အသက် ၁၃နှစ်အရွယ်မှာတော့ ရောဂါကို ကုသခဲ့ပြီး နှင်းလျှောစီး သင်တန်းကို တက်ရောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန်နှင်းလျှောစီး အသင်းရဲ့ အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး အောင်မြင်တဲ့စာရေးဆရာတစ်ယောက်လည်း ဖြစ်လာခဲ့ပါတယ်။ 

Jason Padgett

Jason ကတော့ ဘားတစ်ခုဖြစ်ခဲ့တဲ့ ရန်ပွဲကြောင့် ဦးနှောက်မှာ ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒဏ်ရာကနေပြန်လည် သက်သာလာချိန်မှာတော့ သူဟာ ကမ္ဘာမြေကြီးရဲ့ ဖွဲ့စည်းပုံတွေကို ထူးဆန်းစွာ မြင်တွေ့ လာခဲ့ပါတယ်။ သိပ္ပံပညာရှင်များကတော့ အခုလို ဖြစ်ရပ်ဟာ အလွန်ရှားပါးပြီး ဖြစ်တောင့် ဖြစ်ခဲ့လှတယ်လို့ ဆိုပါတယ်။  

Reinhold Messner

Reinhold ကတော့ တောင်တက်ရာမှာ နာမည်ကြီးတဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။သူနာမည်ကြီးပုံကတော့ မီတာ ၈၀၀ကျော်အမြင့်၇ှိတဲ့ တောင်တွေကို တက်ရောက်ရာမှာ အောက်စီဂျင်အပိုမပါပဲ တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဆရာဝန်ကတော့ ယခုလို အောက်စီဂျင်မပါပဲ တက်ရောက်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုခဲ့ပေမယ့် Reinhold ကတော့ မဖြစ်နိုင်တာမရှိဘူးဆိုတာ သက်သေပြခဲ့ပါတယ်။ 

Herbert Nitsch

Herbert ဟာ သြစတေးလျ နိုင်ငံသားတစ်ဦး ဖြစ်ပြီး အလွတ်ဒိုင်ဗင်ပြိုင်ပွဲတွေမှာ ဗိုလ်စွဲ ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ တစ်ကြိမ်မှာတော့ ဒိုင်ဗင်ထိုးလိုက်တဲ့အချိန်မှာ ထုံထိုင်းသွားပြီး မေ့မျောသွားခဲ့ပါတယ်။ နှစ်အတော်ကြာတဲ့အခါ မှာ Herbertဟာ တခါပြန်ပီးတော့ ရေအနက်တော်တော်ထိရောက်အောင် ဒိုင်ဗင်ထိုးတာလေ့ကျင့်ခဲ့ပြီး ရေအနက် ၂၅၃မီတာအထိရောက်အောင် ဒိုင်ဗင်ထိုးနိုင်ခဲ့ပါတယ်။ 

Source : Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။