ပါးမဲထိုး ဓလေ့ကတော့ မရှိတော့ပါ။ ပျောက်ကွယ်သွားခဲ့ရပါပြီ။၁၉၇၀ ဝန်းကျင် က ခေတ်ပညာတတ်လူငယ်များ ကဆန့်ကျင်ကန့်ကွက်ခဲ့ကြတာကြောင့်လည်းဖြစ်ပါတယ်။ဒီ ဓလေ့ ပျောက်ကွယ်ခဲ့ရတော့ ပါးမဲရှင် တွေလည်း ရှားသွား ခဲ့ရပါပြီ။ တောင်ပေါ်နေ ချင်းအမျိုးသမီး အချို့ မှာ

တော့ အနည်းငယ်များနေပါသေးတယ်။ ဒါပေမယ့် ပါးအပြည့် ပါးမဲထိုးသူ တွေကို တွေ့ရနည်းပြီး ပါးကြောင် ခေါ် ကွက်ကြား ပါးမဲ ထိုးသူများသာ အတေ့ွများပါတယ်။ မကြာသေးမီ နိုင်ငံခြားသားတစ်ယောက် နှင့်တွေ့မိတယ်။ဘာအတွက် လာတာလည်း မေးကြည့်မိတော့ Face Tattoo တွေရှာဒါပါ လို့ အီတလီသံဝဲ အင်္ဂလိပ်စကားဖြင့်ပြောပြပါတယ်။ကဲ ဒါဆို ကျွန်

တော့ နောက်လိုက်ခဲ့ဗျာ။ဒီရွာ ဒီရွာတွေမှာ တော့ ခင်ဗျားပြောတဲ့ တက်တူး လေဒီ

တွေ ရှိတယ်လို့သတင်းရတယ် လို့ပြော တော့ လက်မထောင်ပြပါတယ်။

ပထမဆုံးသွားဖြစ်ခဲ့ကြတာကတော့ စေတုတ္တရာမြို့နယ်က ရှိန်ရွာလေးပဲဖြစ် ပါ

တယ်။မရင်းချင်း လူမျိုးတွေနေထိုင်ကြပါ တယ်။အိမ်ခြေ (၄)အိမ် ၊လူဦးရေ (၁ဂ)

ဦး လို့ရွာအဝင် ဆိုင်းဘုတ် မှာ တွေ့ရှိရလို့ အလွန်လူဦးရေ နည်းသောရွာလေးပါ ပဲ။ရွာအဝင် အိမ်ကြီးပေါ်က ကြမ်းပြင်ကြီးပေါ်မှာ ကျွန်တော်တို့ရှာ နေသော မျက်နှာ ပြည့် ပါးရဲမရင်းချင်းအဖွားက အနည်းငယ်ကျန်နေသော သွားသုံးချောင်းခန့်ဖြင့်ပြုံးပြနေပါတယ်။ကျွန်တော်တို့ကံကောင်းဘိခြင်း။ကို ဖေဘီယိုက မတ်စောက်လှတဲ့

မရင်းချင်းတို့လှေကားကို တအင်းအင်းတအဲအဲနှင့် တက်ခဲ့ပါတယ်။တခုကံ ကောင်းတာက အဖွားက ဗမာ စကားတတ်ခြင်းပါ ပဲ။ဒီအိမ်မှာ အဖွားရဲ့ တူ တူမတွေနှင့်နေတာပါတဲ့။အိမ်ထောင်မကြခဲ့ဘူးသော အ

ပျိုကြီးတစ်ယောက်ပါတဲ့။အသက်ကိုမေးတော့ ငါမသိတော့ဘူး၊ငါ့မေ့ခြင်ပြီ လို့ပြော ပါတယ်။ ကျွန်တော် က ဗိုလ်ချုပ်အောင်ဆန်းကို သိလားလို့မေးကြည့်တော့ သိတာပေါ့ ငါတို့အပျိုတုံးက လို့ပြော

ပါတယ်။ အဖွားရဲ့ရုပ်ရည်ကိုကြည့်ရတာဖြင့် အသက်( ၉၀)ကျော်လောက်ရှိပါမယ်။အပြန်မှာ အဖွားကိုကန်တောရင်းအိမ်အောက်ရောက်တော့အဖွားကိုပြန်ကြည့်မိတယ်။ မည်းနေသော မျက်နှာပြင်ကိုအ

လှဆုံးပြုံးလျက် ကျန်ရှိနေသော သွားအနည်းငယ်ဖြင့် လက်ပြနှုတ်ဆက် နေခဲ့တဲ့

အဖွားဒေါ်ပကြား ကိုကျန်းမာရေးကောင်းရန်ဆုတောင်းမိပါတယ်။ 

နောက်ထပ် ကျွန်တော်တို့သွားရောက်ခဲ့ တဲ့ရွာ လေးကတော့ မရင်းချင်းတို့နေထိုင်တဲ့ရွာဖြစ်တဲ့ အုံးဝါးရွာလေးပဲဖြစ်ပါတယ်။ယခင်က ပါးမဲ ၅ဦးခန့်ရှိခဲ့ပြီး ယခုတော့ တစ်ယောက်ပဲ ကျန်ပါတော့တယ်။အဖွား

အမည် က ဒေါ်ခင်စိန် ပါ။ ကျန်းမာရေးအလွန်ကောင်းပြီး အသက်(၉၃) နှစ်ရှိပါ

ပြီ။အဖွား ကျန်းမာရေးကောင်းတယ်နော်လို့ပြောတော့ ငါက စားတာကိုးလို့ဖြေပါတယ်။အဖွား ဘယ်အချိန်ကပါးမဲထိုးခဲ့တာလည်း လို့မေးကြည့်တော့ အသက်(၁၇)နှစ်သမီးအရွယ်ကပါတဲ့။ဘာလို့ ထိုးတာ

ပါလဲ လို့မေးကြည့်တော့ ထးိုပြီးရင်လှ လို့ပါတဲ့။မနာဘူးလား လို့မေးကြည့်တော့ နာတာပါ့ဟဲ့ လို့ပြုံးပြီးပြောပါတယ်။ကျွန်တော်က လောင်းရှည်က သိန်းကျင်းဘုရားပွဲကို အပျို တုန်းကသွားဖူး ပါသလား

လို့မေးတော့ အမလေးသွားဖူးတာပေါ့။ လမ်းမှာ တစ်ညအိပ်ရတယ်။ ငါအဲဒီအချိန်တွေကို မမေ့ဘူး။ပျော်စရာကောင်းလွန်းလို့ အေ။ လို့ အားရပါးရပြောပြရှာတယ်။မာစတာ ဖေဘီယို ကနားမလည်

သောကြောင့်အကျိုးအကြောင်းရှင်းပြတော့ သူလည်းရယ် လေရဲ့။ မြေပြန့် ချင်းတွေရဲ့ပါးမဲရှင်တွေရှားလာပါ

ပြီ။အသက်(၉၀)ကျော် အမေကြီး ဒေါ်ပကြားနှင့် အမေကြီး ဒေါ်ခင်စိန်တို့အသက်ရှည်ပါစေကြောင်း ဆုတောင်းမိပါတယ်။

Source : Saw Min Naing (Facebook) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။