မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင်၊ အများပြည်သူများအား၊ စိတ်အနှောက်အယှက်ဖြစ်စေသည့် အသံကျယ်လောင်တဲ့ ပါဝါအိတ်ဇောများ တပ်ဆင်မောင်းနှင်နေတဲ့ မော်တော်ဆိုင်များကိုဖမ်းဆီး အရေးယူ လျက်ရှိတယ်လို့ သိရပါတယ်။ မိတ္ထီလာမြို့နယ် အမှတ် (၉၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ အဆိုပါ မော်တော်ဆိုင် များ ဖမ်းဆီးစစ်ဆေးခဲ့ပြီး အိတ်ဇောများကို ဖြုတ်ယူသိမ်းဆည်းမှုများပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ် လ(၅)ရက်နေ့ကတော့ ဖမ်းဆီးရမိခဲ့တဲ့ အိတ်ဇောများကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း လမ်းကြိတ်စက်ဖြင့်ကြိတ်၍ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

မိတ္ထီလာမြို့နယ် အမှတ် (၉၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုအနေနဲ့ မြို့နယ်အတွင်း၌ အများပြည်သူ စိတ်အနှောင့် အယှက်ဖြစ်စေတဲ့ အသံကျယ်သောအိတ်ဇောများ တပ်ဆင်မောင်းနှင်သည့် မော်တော်ဆိုင် ကယ်များကို ထိထိ ရောက်ရောက်ဖမ်းဆီးအရေးယူခြင်း၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွှက်လျက်ရှိတာပဲ ဖြစ်ပါတယ်။ဆက် လက်ပြီးလည်း ၂ဝ၁၅ မော်တော် ယာဉ်ဥပဒေ ပုဒ်မ-၆၂ အရ တရားစွဲတင် ခြင်းများ ပြုလုပ်ခဲ့ပြီးနောက်မှာတော့ အသံကျယ်လောင်တဲ့ အိတ်ဇောများကို ဖြုတ်ယူသိမ်းပြီး ကောင်းမွန်သောအိတ်ဇောများ ပြန် လည်တပ်ဆင် ပြီးမှသာ မော်တော်ဆိုင်ကယ်များကို ပိုင်ရှင်ထံသို့ ပြန်လည်ပေး အပ်ခြင်းများပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ 

အဆိုပါလုပ်ငန်းစဉ်လုပ်ဆောင်ခဲ့စဉ်အတွင်း အသံကျယ်လောင်တဲ့ အိတ်ဇောများကို ဖြုတ်သိမ်းခဲ့ရာတွင် ယနေ့အချိန်အထိ သိမ်းဆည်းရမိခဲ့တဲ့ အိတ်ဇောကေပါင်း အခု ၁၁ဝရှိခဲ့တယ်လို့ သိရပါတယ်။၎င်းဖမ်းဆီးရမိ တဲ့ ပါဝါအိတ်ဇောများကိုတော့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းကိုကို၊ စည်ပင် သာယာရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာဝင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ရှေ့ မှောက်တွင် လမ်းကြိတ်စက်ဖြင့်ကြိတ်၍ ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ အမှတ် (၉၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။