ချစ်သူသာပန်းတပွင့်ဖြစ်ခဲ့ရင်ဆိုတဲ့ ဇာတ်ကားနှင့်ပတ်သက်ပြီး 8days နှင့် အင်တာဗျူးလုပ်တဲ့ အခါ အရင်တုံးက အတိတ်ဟောင်းတွေရှိခဲ့တဲ့ သူတို့နှစ်ယောက်ကြောင့် 'မင်းသားကြောင့်ရိုက်တာမဟုတ်ဘူး' ဆိုတဲ့ စကားအပေါ်ကို ဝတ်မှုန်ရွှေရည်က သဘောရိုးနဲ့ပြောတာဖြစ်ကြောင်း.....

နာမည်ကြီးအဆိုတော် ချစ်စရာကောင်းတဲ့ မင်းသမီး ပါတဲ့ အင်းလေးကို အရိုးခံပြီးရိုက်ထားတဲ့ ချစ်သူသာပန်းတပွင့်ဖြစ်ခဲ့ရင်ဆိုုတဲ့ ဇာတ်ကားဟာ အရင်တုန်းက ရှိခဲ့တဲ့ အကြောင့်တွေကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။

8days မှာ ဇာတ်ကားကို မင်းသားကြောင့်ရိုက်တာမဟုတ်ပါဘူးဆိုတဲ့ စကား အပေါ် ဝတ်မှုန်ရွှေရည်က သဘောရိုးနဲ့ ပြောတာဖြစ်သော်လည်း အဆိုတော်ကြီးရဲ့ အမာခံ ပရိသတ်တွေအတွက်တော့ ပွက်လောရိုက်ခဲ့ပါတယ်။

ထိုကိစ္စနှင့်ပတ်သက်ပြီးတော့ ဝတ်မှုန်ရွှေရည်က ယခုလိုမျိုးပြောကြားခဲ့ပါတယ်။

'ယခုဖော်ပြပါ post များနဲ့ပတ်သက်ပြီး

ကစ်ဘက်က online media များကိုမေတ္တာရပ်ခံချင်တာပါရှင်...

-----------------------------------------

8 Days ဂျာနယ်မှာဖြေကြားလိုက်တဲ့ကစ်ရဲ့အင်တာဗျူးနဲ့ပတ်သက်ပြီး

စကားလုံးလွဲမှားမှုလေးတွေကြောင့် 8 days ဂျာနယ်မှလဲ ပြန်ဖြေရှင်းပေးပြီးသည့် ကိစ္စမှာ ထပ်မံရေးသားခြင်းများဖြင့် အကျယ်တဝံ့ မရေးသားစေလိုတော့ပါ

အနုပညာရှင်များနဲ့ပရိသတ်များအကြား အထင်လွဲမှုများထပ်မံ မများပြားစေရန်အတွက် ပြီးခဲ့သည့်သတင်းများကို ခေါင်းစဉ်အမျိုးမျိုးဖြင့်

ထပ်မံမဖော်ပြပေးပါရန် မေတ္တာရပ်ခံခြင်းသာ.....

ချစ်တဲ့

ဝတ်မှုံရွှေရည်'

သူမရဲ့ ပရိသတ်တွေက လဲ ကစ်ကစ်လေးကို ယခုလိုမျိုးအားပေးခဲ့ကြပါသေးတယ်။

ဟီးဟီး ဟိုအဆိုတော်ကြီးလို ဝေဖန်ရင်တရားစွဲမယ်လို့ မပြောသွားဘဲ မေတ္တာရပ်ခံပါတယ်လို့ပြောသွားတဲ့ ကစ်ကစ်လေးပါနော်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။