ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာအုပ်စုတွင် လာမယ့် မတ် (၈) ရက်တွင်ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုအခမ်းအနားကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အခမ်းအနားကိုတော့ မန်ရွက်ကျေးရွာ အုပ်စုအခြေခံပညာ အထက်တန်းကျောင်းခွဲမှာ ပြုလုပ်ကျင်းပ ခဲ့တာပဲ ဖြစ်ပါတယ်။အခမ်းအနား''အမျိုးသမီးဘဝမြှင့်တင်ဖို့ ကျေးလက် နှင့် မြို့ပြ တက်ကြွလှုပ်ရှားသူများ ပူးပေါင်းလို့ ယခုပင်ကြိုးပမ်းကြပါစို့'' ဆိုတဲ့ဆောင်ပုဒ်လေးနဲ့ မတ် ၅ ရက်က ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ 

အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း တို့က အမှာစကားပြောကြားခဲ့တယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ဆက်လက်ပြီး ပြည်နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေညွန့်က အခမ်းအနားကျင်းပခြင်း ရည်ရွယ်ချက်များကိုလည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ အတွင်းရေးမှူး ဒေါ်လီလီဆွေက အမျိုးသမီးရေးရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။ 

အဲ့ဒီနောက်မှာတော့ မြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံးမှ Team Leader ဒေါ်အေးအေးလင်းက စီမံကိန်းဆိုင်ရာ အမျိုးသား အမျိုးသမီးရေးရာ လိုအပ်ချက် ခြောက်ချက်ကို ရှင်းလင်း တင်ပြပြီး အမျိုးသမီးများအား နည်းမျိုးစုံ ဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်(CDAW)တွင် ပါဝင်တဲ့ အမျိုးသမီးများ ရဲ့အခွင့်အရေးဆိုင်ရာ ဗွီဒီယိုမှတ်တမ်းများကို ပြသခဲ့တာပဲဖြစ်ပါတယ်။ထို့ပြင် အခမ်းအနားသို့တက်ရောက်လာ တဲ့ ကျေးရွာအုပ်စုအသီးသီးမှ လူထုဗဟိုပြုစီမံကိန်း အထောက်အကူပြုကော်မတီဝင် အမျိုးသမီးများက စီမံ ကိန်း တွင် မိမိတို့ ပါဝင်ဆောင်ရွက်ခဲ့ပုံများနှင့် အတွေ့အကြုံများကို ရင်ဖွင့်ပြောကြားကြပြီး မြို့နယ်လူထု ဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဒါ်လုနန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာ့အလင်း  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။