ပုံတွေတင်ပြီးမှ ပြန်ဖျက်သွားတဲ့ အောင်လ

မြန်မာ့အနုပညာလောကရဲ့ နာမည်ကြီး တေးသံရှင် နှစ်ဦးဖြစ်တဲ့ အောင်လနှင့် ဝိုင်းစုခိုင်သိန်းတို့ရဲ့ သတင်းဟာ ကောလဟာလကနေ အတည်ဖြစ်သွားပြီ။ နှစ်ဦးသားတွဲနေတယ် ဆိုတဲ့ကောလဟာလတွေ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာတော့ အိမ်ထောင်တွေနဲ့ ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။ ဒါပေမဲ့ တွဲနေပါတယ်လို့ အတည်ပြုပြောကြားတာမျိုးမရှိခဲ့ပေမယ့် Interview တစ်ခုမှာတော့ နှစ်ဦးစလုံးဟာ နောက်အိမ်ထောင်ပြုဖို့ အစီအစဉ်ရှိတယ်လို့ သံတူဖြေထားကြပါတယ်။ အခုတော့ အောင်လရဲ့ Twitter မှာ တင်ခဲ့တဲ့ ဓာတ်ပုံနှင့်စာသားတွေဟာ သူတို့နှစ်ယောက်တွဲနေတယ် ဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။

"The woman i love" ကျွန်တော်ချစ်သော အမျိုးသမီး ဆိုတဲ့စာသားနဲ့အတူ သူနှင့် ဝိုင်းစုတို့တွဲရိုက်ထားတဲ့ပုံကို တင်ထားခဲ့ပြီး ဖေ့စဘုတ်လူမှုကွန်ယက်ပေါ်ထိ ပျံ့နှံ့လာပြီး သတင်းမီဒီယာတော်တော်များများရဲ့ ဝေဝေဆာဆာဖော်ပြခံခဲ့ရပြီး ပရိသတ်တွေကတော့ ဝေဖန်မှုတွေလုပ်ခဲ့ကြပါတယ်။ သို့ပေမယ့် တင်တုန်းကတင်ထားခဲ့တဲ့ အောင်လတစ်ယောက် ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ သူတို့ဓာတ်ပုံတွေကို Twitter ကနေဖြတ်ချခဲ့တယ်လို့ သိရပါတယ်………

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။