မတ်လ(၅)ရက်နေ့က၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း၊ လျှပ်စစ်အန္တရာယ် ကင်းရှင်း ရေးအတွက် ဆွေးမြည့်ဓာတ်တိုင်များအားအသစ်လဲလှယ်မှုများ ဆောင်ရွှက်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လုပ်ငန်းစဉ်များကိုတော့ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးမင်းအောင်နှင့် ဝန်ထမ်းများက ၁၁ ကေဗွီ အင်ကြင်း ပင်လိုင်းနှင့် လက်ပံလှလိုင်းတို့တွင် ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။၎င်းအသစ်ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ ကိုတော့လာမယ့် မတ်လ(၁၀)ရက်နေ့တွင် အပြီးဆောင်ရွက်သွား မှာဖြစ်တယ်လို့ အင်ဂျင်နီယာ ဦးမင်းအောင် ပြောပါတယ်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆွေးမြည့်သစ်သားတိုင်၊ သံတိုင်များနှင့် သစ်သား လက်တန်းများအား ၁ဝ မီတာကွန်ကရစ်တိုင်နှင့် Galvanized Iron လက်တန်းများဖြင့် လဲလှယ်ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။အင်ကြင်ပင်လိုင်းတွင် ဓာတ်တိုင် ၂၂၃ တိုင်နှင့် လက်ပံလှလိုင်းတွင် ၉၄တိုင် တို့ကို အသစ်လဲလှယ်မှုများပြုလုပ်သွားမှာဖြစ်တယ်လို့ မြို့နယ်လျှပ်စစ်မှတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ 

ယခင်ဓာတ်တိုင်များကတော့ တစ်ခုနှင့်တစ်ခုပေ ၂၈ဝ ခန့်ကွာဝေးပြီး လယ်ကွင်းများအတွင်း မှ ဖြတ်သွားရတဲ့ အပြင်သစ်သားတိုင်များမှာ နိမ့်နေတဲ့အတွက် ကြိုးများမှာအိကျနေတာကြောင့် တောင်သူများ စပါးစိုက်ပျိုး ရိတ်သိမ်းချိန်တွင် လျှပ်စစ်အန္တရာယ်ရှိနိုင်တယ်လို့ ၎င်းကပြောပါတယ်။ယခုအသစ်လဲလှယ်တဲ့ ဓာတ်တိုင်များက တော့ ကွန်ကရစ်တိုင်စိုက်ထူရာတွင် တစ်ခန်းနှင့် တစ်ခန်း ပေ ၁၆ဝ ခန့်ခွာ၍စိုက်ထူထားပြီး ဓာတ်အားလိုင်းပိုမို ကြံ့ခိုင်တောင့်တင်းလာတာကြောင့် လျှပ်စစ်အန္တရာယ်ဖြစ်ပေါ်နိုင်မှု လျော့နည်းသွားနိုင်ပါတယ်လို့ မြို့နယ် လျှပ်စစ်အင်ဂျင် နီယာ ဦးမင်းအောင်ရဲ့ပြောကြားချက်အရ သိရပါတယ်။ 

သတင်းအရင်းအမြစ် - The Mirror Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။