မီဇူးကယခုနှစ် အစောပိုင်းမှာ M6s ကိုကြေညာခဲ့ပါတယ်။ သူ့မှာ လက်ဗွေရာကိရိယာ မြှုပ်နှံထားတဲ့ ဘေးဘက်ခလုတ်၊ Super mBackလို့ ခေါ်တဲ့ Software Home Button နဲ့ Exynos 7872 Chipset များ ထည့်သွင်းထားပါတယ်။ စွမ်းဆောင်ရည်သင့်ဖုန်း ဖြစ်ပြီး 3GB RAM , 32 or 64GB Storage များထည့်ပေးထားပါတယ်။ တရုတ် ဆက်သွယ်ရေး ကော်မရှင်ရဲ့ စာရင်းတစ်ခုအရမီဇူးဟာ 4GB နဲ့ 6GB RAM များပါတဲ့ Meizu M6s Model များကိုရောင်းချမယ်လို့ သိရပါတယ်။

RAM အဆင့်မြှင့်ထားတဲ့ မော်ဒယ်များဟာအခြား Specification များ အပိုင်းမှာမူလမော်ဒယ်များနဲ့ တူညီပါတယ်။ အနောက်ဘက်မှာ 16MP Single Camera နဲ့ အရှေ့ဘက်မှာ 8MP Selfie Camera များပါပါတယ်။ ၅.၇ လက်မ HD+ Display တပ်ဆင်ထားပါတယ်။ 18:9 Aspect Ratio ဖြစ်ပါတယ်။ ဘက်ထရီက 3000mAh ဖြစ်ပါတယ်။

18W Fast Charging နဲ့ USB-C Connector များပါပါတယ်။၁၅မိနစ်အတွင်းမှာ၃၀ရာခိုင်နှုန်းနဲ့ ၁နာရီအတွင်းမှာ၅၂ရာခိုင်နှုန်းအားဖြည့်ပေးတယ်လို့မီဇူးကပြောပါတယ်။ ဝ.၂စက္ကန့်အတွင်းမှာဖုန်းကို Unlock လုပ်ပေးနိုင်တဲ့လက်ဗွေရာအာရုံခံ ကိရိယာကိုဘေးဘက်မှာတပ်ဆင်ထားပါတယ်။ 4GB Model ကို ၂၂၀ ဒေါ်လာဝန်းကျင် ရှိမယ်လို့ သတင်းထွက်နေပါတယ်။

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။