Bruce lee ကတော့ 1940ခုနှစ် နိုဝင်ဘာလ 27 ရက်နေ့မှာဖခင်ဖြစ်သူတရုတ်လူမျိုး Lee Hoi-chuen နဲ့မိခင်ဖြစ်သူ ဂျာမန်လူမျိုး Grace Ho တို့ကဖွားမြင်ခဲ့တဲ့သားတစ်ယောက်ပဲဖြစ်ပါတယ်။ငယ်စဉ်ထဲကသိုင်းပညာကို ဝါသနာပါခဲ့တဲ့ bruce lee ကတော့ အသက်ဆယ့်ရှစ်နှစ်အရွယ်မှာဆိုရင်တော့ ဟောင်ကောင်ရဲ့ ချာချာ အက ချန်ပီယံဆုကိုဆွတ်ခူးရရှိခဲ့တဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။ ထို့နောက်မှာတော့ သိုင်းဆရာကြီး ရစ်မန်းဆီမှာ ပညာသင်ယူကာ သိုင်းလောကရဲ့ နာမည်ကြိးလှတဲ့ ပညာရှင်တစ်ယောက်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။

Bruce lee ဟာ ခြောက်လက်မအထူရှိတဲ့ သစ်သားပြားကို တစ်ချက်ထဲနဲ့ကျိုးပဲ့အောင်ထိုးနှက်နိုင်ပြီး သူရဲ့လက်ချောင်းတွေဟာဆိုရင်လည်း အသစ်စက်စက်coca kola ဗူးကို ထုတ်ချင်းပေါက်သွားအောင် ထိုးနှက်နိုင်ပါတယ်။အရမ်းလျင်မြန်ဖြတ်လတ်လှတဲ့အတွက် လေထဲမြှောက်လိုက်တဲ့ ဆန်စေ့လေးတစ်စေ့ကိုတောင် ထမင်းစားတူနဲ့ ရအောင်ဖမ်းနိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်တုန်းကဆိုရင်လည်း Bruce lee ဟာ ၁၁ စက္ကန့်အတွင်းမှာ လက်သီးချက် ၁၅ ချက်နဲ့ ခြေကန်ချက် ၁ ချက်တို့ကို လှုပ်ရှားဆောင်ရွက်နိုင်ခဲ့တဲ့အတွက် မှတ်တမ်းတင်ခံလိုက်ရတဲ့ဖြစ်ရပ်လေးတစ်ခုလဲထွက်ပေါ်ခဲ့တာလဲဖြစ်ပါတယ်။

သူရဲ့ခြေကန်ချက်တစ်ချက်ဟာ တစ်ဖက်ရန်သူရဲ့ လက်မောင်းတွေကို ကျိုးပဲ့သွားစေလောက်အောင်ပြင်းထန်ပြီး ပေါင်ချိန် ၁၅၀ ရှိတဲ့ လက်ဝှေ့လေ့ကျင့်ရေးအိတ်ကိုပြောက်ပြဲသွားအောင် ထိုးနိုင် ၊ ကန်နိုင်တဲ့ သူတစ်ဦးဖြစ်ပါတယ်။ Bruce lee ကတော့ ထိခိုက်ဒဏ်ရာတစ်ခုရရှိခဲ့တာကြောင့် ဆရာဝန်သွားပြတဲ့အချိန်မှာ ဆရာဝန်က ပြန်လည်ကောင်းမွန်လာဖို့မလွယ်ကူပါဘူး ၊ လမ်းပြန်လျှောက်နိုင်ဖို့ပါအနိုင်နိုင်ကြိးစားရမှာပါလို့ပြောကြားခဲ့တာကြောင့် ပြင်းထန်တဲ့ သူရဲ့ဒဏ်ရာကို အတွင်းအားစုစည်းမှုပညာနဲ့ ကုသခဲ့ပြီး ဆရာဝန်ပြောကြားတာ မှားယွင်းကြောင်း သက်သေပြခဲ့ဖူးတဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။ 

Bruce Lee ကတော့ လက်ဆွဲတော် နံကျပ်ကူကို ကိုင်ဆောင်ကာ ရုပ်ရှင်ဇတ်ကားများစွာကိုရှိက်ကူးခဲ့ပြီး သူ့ရဲ့လျင်မြန်ဖျတ်လတ်ပုံတွေကြောင့် ဇတ်ဝင်ခန်းတွေကပီပြင်လှပြီး ဆွဲဆောင်မှုတွေများစွာရှိနေခဲ့တာပဲဖြစ်ပါတယ်။ Game of Death ဆိုတဲ့ရုပ်ရှင်ဇာတ်ကားထဲမှာတော့ Bruce lee ဟာရိုက်ကွင်းတစ်ခုမှာ သေနတ်အစစ်နဲ့လုပ်ကြံခံရတဲ့အတွက် သေဆုံးခဲ့ရတယ်ဆိုပြီး ဈာပန အခမ်းအနားပါထည့်သွင်းဖော်ပြခဲ့ပေမယ့် ဘာကြောင့်သေဆုံးခဲ့ရတယ်ဆိုတာကတော့ အခုချိန်ထိဝေခွဲမရတဲ့အကြောင်းအရာတစ်ခုအဖြစ်ရှိနေတာပဲဖြစ်ပါတယ်။ 

Bruce lee ကတော့ အနုပညာလောကမှာသမက သိုင်းလောကမှာပါ အောင်မြင်ကျော်ကြားလှတဲ့ သူတစ်ယောက်အဖြစ်ရပ်တည်ခဲ့သူတစ်ယောက်ဖြစ်ပြီး လူသာသေဆုံးသွားပေမယ့် သမိုင်းကြောင်းက ကမ္ဘာတစ်ဝှမ်းလုံးက လူတွေရဲ့ နှုတ်ဖျားမှာ အမြဲတမ်းပြောစမတ်တွင်ကျန်ခဲ့လောက်အောင် ထူးခြားလှတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့အတွက် ပရိတ်သတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတ

ref google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။