သတင်းစာရှင်းလင်းပွဲလုပ်နေချိန် မုဒိန်းသမားကို ထုရိုက်ခဲ့တဲ့ ထိုင်းမော်ဒယ်လ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို ့မှာ တက္ကသိုလ်ကျောင်းသူ(နောင့်ဝမ်) ကြော်ငြာမော်ဒယ်ကို မသေယုံတမယ် ရိုက်နှက် မုဒိန်းကျင့်ဖို့ ကြိုးစားခဲ့တဲ့ တရားခံထိုင်းနိုင်ငံသားဝစ်ချကော် အသက်(၂၄)နှစ်ကို ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ တရားခံက စိတ်ဆိုးပြီး ရိုက်ခဲ့တာပါ မုဒိန်းကျင့်ဖို့ စိတ်မကူးခဲ့ပါဘူးလို့ ပြောကြားတာကို သည်းမခံနိုင် စိတ်မထိမ်းနိုင်ဖြစ်ပြီး ရဲတွေရှေ ့မှာတင် တရားခံကို ပါးရိုက်ခဲ့လို ့ အရာရှိတွေ က ၀ိုင်းတားခဲ့ရပါတယ်။

တရားခံဟာ သူငယ်ချင်းဖြစ်ပြီး စားသောက်ဆိုင်ထိုင်ကြရင်း အိမ်အပြန်ကို ဆိုင်ကယ်နဲ့လိုက်ပို ့စဉ်မှာ အိမ်တစ်အိမ်အတွင်းဆီကို အတင်းခေါ်ဆောင်ပြီး မုဒိန်းကျင့်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။

မိန်းကလေးက လက်မခံဘဲ ပြန်လည်ခုခံခဲ့တာကြောင့်အကြိမ်ပေါင်းများစွာ ထိုးကြိတ် ရိုက်နှက်ခံရပြီး နောက်ဆုံး တိုက်ပြူတွင်းပေါက် ကနေ ခုန်ချထွက်ပြေးခဲ့ရပါတယ်။ဒဏ်ရာတွေနဲ ့ ဆေးရုံမှာ တက်ကုသနေစဉ်ကာလမှာ ခုလိုမသေယုံတမယ်အရိုက်ခံခဲ့ရတာကို ရဲတွေက တရားခံဖမ်းမပေးခဲ့လို ့ ဆိုရှယ်မီဒီယာတွေကနေ သတင်းထုတ်ပြန် ဖိအားပေးခဲ့ရပါတယ်။

တရားခံဟာ အမျိုးသမီးတွေကို ရိုက်နှက်တဲ့ အမှုဟောင်းတွေလည်းရှိနေပြီး အာမခံနဲ ့ တရားရင်ဆိုင်နေရ သူဖြစ်ကြောင်းသိရပါတယ်၊။

Source: Daily Mail

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။