မိဘတိုင်း သားသမီးတွေအပေါ် ထားတဲ့မေတ္တာတရားဟာ သိပ်ကိုကြီးမားလွန်းပါတယ် ။

ဘယ်လိုမိဘမဆို ကိုယ့်သားသမီးကိုတန်ဖိုးထားပြီး တခြားနေရာတွေအတွက် အသုံးချခံ ပစ္စည်းတစ်ခုတော့ ဖြစ်စေချင်မှာမဟုတ်ပါဘူး ။ ဒီအထဲမှာ ဆိုဖီရာလေးရဲ့ မိခင်လဲပါဝင် ပါတယ်။

သူမမွေးဖွားခဲ့တဲ့ သမီးငယ်ဆိုဖီရာကလေးဟာ မွေးရာပါ မသန်စွမ်းကာ မျက်နှာအပါအဝင် ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ချို့ဟာ ချို့ယွင်းနေတာပဲ ဖြစ်ပါတယ် ။

သူမခွင့်ပြုချက်မရှိပဲ ဆိုဖီရာကလေးရဲ့ပုံကိုတော့ ကိုယ်ဝန်သတိပေးခြင်း စာစောင်တစ်ခုမှာ

ကိုယ်ဝန်သည်များ အာဟာရမျှတအောင် စားသောက်ဖို့နဲ့ အမိုင်နိုဓာတ်ကို သေချာစွာ စစ်ဆေးရမယ် ဒီလိုမှမဟုတ်ပဲ မွေးဖွားခဲ့မယ်ဆိုရင်တော့ သူမလို ရောဂါများခံစားရမယ် ဆိုတဲ့စာသားနဲ့အတူ ထည့်သွင်းအသုံးပြုခဲ့တာပဲဖြစ်ပါတယ် ။

ဒီစာစောင်ကတော့ ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာ ပျံနုံခဲ့ပြီး ဆိုဖီရာရဲ့မိခင်ဖြစ် သူကတော့ အတော်လေးသောက ရောက်ခဲ့ပါတယ် ။

နောက်ပိုင်းမှာတော့ ကြော်ငြာခဲ့တဲ့ဆေးခန်းနဲ့အတူ သူမကလေးပုံတွေ လက်ခံခဲ့တဲ့ Twitter ကိုပါ တရားဆွဲကာ အရေးယူခဲ့တာပဲ ဖြစ်ပါတယ်။

Source – Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။