မနေ့က မတ်လ၇ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၁၅ ကြိမ်မြောက် အလွတ်သဘော အစည်းအဝေးကို စကာင်္ပူနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါအစည်းအဝေးကို မြန်မာနိုင်ငံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဖိလစ်ပိုင် ၊ ဘရူနိုင်း ၊ စကာင်္ပူ ၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တွေဟာ မတ်လ ၇ ရက်နေ့က သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ 

၎င်းအစည်းအဝေး တွေ့ဆုံမှုတွေမှာ တပ်မတော်တွေအချင်းချင်း ချစ်ကြည်ရေး၊ အပြန်အလှန်အလည်အပတ်ခရီးစဉ်တွေ ဖော်ဆောင်ဖို့၊ တန်ပြန်အကြမ်းဖက်မှု နှိမ်နင်းရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့၊ စစ်ဘက်ဆေးပညာရပ်တွေ အပြန်အလှန် ဖလှယ်ရေး၊ သင်တန်းသားတွေ အပြန်အလှန်စေလွှတ်ဖို့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ၎င်းအစည်းအဝေးအပြီး မတ်လ၇ ညပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် S.E.A Aquarium Resort World Sentosa ရှိ Ocean Gallery ၌ စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lt. Gen. Perry Lim က တည်ခင်းဧည့်ခံသည့် ကြိုဆိုဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ 

အခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် များအား စင်ကာပူတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့ကကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရပါတယ်။ ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများသည် Ocean Gallery အတွင်း လှည့်လည်ကြည့်ရှုမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။

Source - Senior General Min Aung Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။