မိန်းခလေးတော်တော်များများက ဖွံ့ထွားတဲ့ ရင်သားတွေကို ပိုင်ဆိုင်လိုပေမယ့်လည်း Sheridan Larkman လို့ခေါ်တဲ့ အမျိုးသမီးကတော့ ဒီရင်သားတွေကြောင့်ပဲ နေ့စဉ်နဲ့အမျှ စိတ်ပင်ပန်းလို့နေပါတယ် ။

အပျိုဖော်ဝင်စတကည်းက ရင်တွေကစတင်ကြီးထွားခဲ့ပြီး ယခုကလေးနှစ်ယောက်ရရှိပြီး သည့်တိုင် ကြီးထွားမှုတွေက မရပ်တန့်သွားပါဘူး ။

ကျောင်းတက်တဲ့အခါ အပြင်တွေထက်တဲ့အခါတိုင်းမှာ ပတ်ဝန်းကျင်က လူအများနဲ့ အကြည့်များစွာကို ခံရတဲ့သူမက အခုတော့ ရင်သားတွေကိုသေးငယ်အောင် လုပ်ဖို့အတွက် ခွဲစိတ်မှုတွေကို စတင်လုပ်ဆောင်တော့မှာပဲ ဖြစ်ပါတယ် ။

ရင်သားတွေကြောင့် ဘရာစီယာဆိုဒ်တွေကိုလည်း တခြားသောနိုင်ငံတွေမှ တကူးတကမှာ ယူရပြီး အခြားမိန်းခလေးတွေလိုလည်း ဖက်ရှင်ကျတဲ့ အဝတ်အစားတွေကို စိတ်ကြိုက်ဝတ် လို့ မရပါဘူးလို့ ဆိုပါတယ်။


အပြင်ထွက်ဖို့ခက်ခဲလောက်အောင်ကို လူများစွာရဲ့အကြည့်တွေ လှောင်ပြောင်ဝေဖန်မှု တွေက သူမကို ထိတ်လန့်စေတယ်လို့ ဆိုပါတယ်။

ဒီအတွက်ကြောင့် သူမကတော့ ခွဲစိတ်မှုတွေ လုပ်သွားဖို့ကိုသာ စိတ်အားထက်သန် လျက်ရှိပါတယ် ။

ဒါကြောင့် လူအလိုနတ်မလိုက်နိုင်ဆိုတဲ့စကားလည်း ရှိနေတာပဲ မဟုတ်လား ပရိသတ် ကြီးရေ ။

Source – Sheridan Larkman

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။