WeChat ၏ကုမ္ပဏီဖြစ်သော Tencent မှ ၎င်းတို့၏ messaging နှင့် social app သည် accounts 1 ဘီလီယံသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး အဓိကအချက်မှာ တရုတ်နှစ်သစ်ကူးတွင် social media လှုပ်ရှားမှုများ များပြားခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရှိရသည်။

WeChat သည် တရုတ်တွင် အထင်ရှားဆုံး messaging app ဖြစ်ပြီး social media feature များပါဝင်ကာ အစားအသောက်များ မှာယူနိုင်ပြီး ကားခေါ်ယူနိုင်သလို ဘဏ်ဝန်ဆောင်မှုများနှင့်လည်း ချိတ်ဆက်နိုင်သည်။ အဆိုပါ app သည် အရှေ့တောင်အာရှတွင်လည်း တိုးတက်နေပြီး EU, U.S တို့တွင်လည်း တိုးတက်လျက်ရှိပါတယ်။

တရုတ်ရွှေ့ပြောင်းအခြေချသူများက နိုင်ငံတွင် ကျန်ရစ်ခဲ့သောမိသားစုဝင်များနှင့် ဆက်သွယ်ရန် အဓိကသုံးစွဲကြခြင်းဖြစ်သည်။ အဆိုပါပမာဏသည် active account များဖြစ်ပြီး အမှန်တကယ် အမြဲသုံးစွဲနေသူများဟု မပြောနိုင်ချေ။ မည်သို့ဖြစ်စေ WeChat ပင်မကုမ္ပဏီ၏ ရှယ်ယာဈေးများ တက်လာဖွယ်ရှိသည် 

Source : Net Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။