Consumer Reports ဟာ စားသုံးသူများအတွက် ကုန်ပစ္စည်းအရည် အသွေးများကို စစ်ဆေးပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အခုတော့ Consumer Reportsက အကောင်းဆုံးစမတ်ဖုန်းကင်မရာ 10 ခုရဲ့ စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။  

သူ့ရဲ့ စမ်းသပ်မှုထဲမှာ မကြာခင်ကမှ မိတ်ဆက်လိုက်တဲ့ Samsung Galaxy S9, S9+ များ မပါဝင်ဘူးလို့ ထင်ရပါတယ်။ စာရင်းမှာ iPhone X ဟာ ပထမနဲ့ iPhone 8 ဟာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ တတိယနေရာမှာလည်း iPhone 8 Plus ရှိနေပါတယ်။  

ကင်မရာနှစ်လုံးပါတဲ့ iPhone 8 Plus ဟာ ကင်မရာတစ်လုံး သာပါတဲ့ iPhone 8 ရဲ့ အောက်မှာ ရောက်နေတဲ့ အကြောင်းကို Consumer Reports က မပြောပါဘူး။ သူတို့ရဲ့အောက်မှာ Samsung Galaxy S8+ , iPhone 7 , iPhone 6S Plus , Samsung Galaxy S8, Galaxy Note 8, iPhone 7 Plus , Galaxy S8 Active တို့က စာရင်းမှာ အစဉ်လိုက်ရပ်တည်နေပါတယ်။ စာရင်းမှာ Apple နဲ့ Samsung တို့ရဲ့ ဖုန်းများသာ ပါရှိတာက ထူးခြားပါတယ်။ 

Source : Netguide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။