ဒီနေ့ဆိုရင် တက္ကသိုလ်ဝင်တန်းဖြေဆိုနေကြတဲ့ ကျောင်းသားကျောင်သူတွေ တတိယမြောက်နေ့ကို ရောက်ရှိလို့လာပါပြီ။ စိတ်လှုပ်ရှားစရာနေ့ရက်တွေကို ကျိုးစားဖြတ်သန်းနေရတဲ့ ကျောင်းသားကျောင်းသူတွေကို ရန်ကုန်တိုင်းဒေကြီး ရဲတပ်ဖွဲ့တွေကလည်း လုံခြုံရေးအပြည့်အဝပေး ဆောင်ရွက်နေပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ page မှလည်း အခုလိုထုတ်ပြန်ထားပါတယ်။

“၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၁၈ ခုနှစ်၊

မတ်လ ၇ ရက်နေ့မှ ၁၆ ရက်နေ့ထိ နံနက် ၀၉၀၀နာရီအချိန်မှ မွန်းတည့်

၁၂၀၀နာရီအချိန်ထိ တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ခရိုင်(၄) ခရိုင်ရှိ မြို့နယ်များတွင်

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကျင်းပမည့် စာစစ်ဌာနအရေအတွက်

ပေါင်း (၂၂၀)ခုရှိ ကြောင်းသိရသည်။ 

ယင်းသို့ဖြေဆိုလျက်ရှိရာ မတ် ၉ ရက်နေ့တွင်လည်း စာဖြေကျောင်းသား/သူ

များ ဘေးကင်းလုံခြုံမှု ရှိစေရေးနှင့် စိတ်အေးချမ်းမြေ့စွာ စာမေးပွဲဖြေဆိုနိုင်

ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မြို့နယ်အလိုက် လုံခြုံရေး

အပြည့်အဝဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကျောင်းသား/သူများ

ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပူးပေါင်း

ဆောင်ရွက်လျက်ရှိပြီး စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား/သူများ

ကျန်းမာရေးအတွက် ကျန်းမာရေးဌာနနှင့်လည်း ပူးပေါင်းကူညီဆောင်ရွက်

ပေးလျက်ရှိကြောင်း သတင်းရရှိသည်။” ဆိုပြီးရေးသားထားပါတယ်။ 

source - yangon police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။