လက်ရှိအခမဲ့ကျန်းမာရေး ဝန်ဆောင်မှုများကို နယ်လှည့်ကုသလေ့ရှိတာတွေ့ရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် နားလေးရောဂါ တိုတ်ဖျက်ရေးစီမံချက်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်ဆေးကုသခြင်းလုပ်ငန်းကို၊ မနေ့က မတ်လ(၉)ရက်နေ့၊ နံနက်(၉)နာရီမှစတင်၍ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် တစ်ရာတာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရတယ်။ 

အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့ကို မန္တလေးမြို့ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်ခင်ခင်ဖြူနှင့် နားလေးရောဂါတိုက်ဖျက်ရေး စီမံချက်မန်နေဂျာ ဒေါက်တာဝင်းထိုက်ကြည်တို့ဦးဆောင်၍ အထူးကုဆရာဝန်ကြီး(၁၂)ဦး ပါဝင်ကူညီခဲ့ကြောင်း သိရပါတယ်။၎င်းဆရာဝန်ကြီးများသည် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ နား/ နှာခေါင်း/ လည်ချောင်း ဝေဒနာရှင်များအား အခမဲ့ ကျန်းမာရေးစစ်ဆေးခြင်း၊ နားဆေးခြင်းများဆောင်ရွက်ပေးကြပြီး၊ လိုအပ်သည့်ဆေးဝါးများ ထောက်ပံ့ခြင်းနှင့် နားကြပ် ထောက်ပံ့ခြင်းများဆောင်ရွက်ပေးခဲ့ကြကြောင်း သိရပါတယ်။  

အဆိုပါနယ်လှည့်ဆေးကုသမှုလုပ်ငန်းများကို ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါက်တာ ချန်ထွန်းအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြပြီး မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုနှင့် တာဝန်ရှိသူများမှလည်း လာရောက်ကြည့်ရှု အားပေးခဲ့ကြပါတယ်။ အခမဲ့နယ်လှည့်ဆေးဝါးကုသမှုလုပ်ငန်းသို့ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ နား၊ နှာခေါင်း၊ လည်ချောင်း ဝေဒနာရှင် စုစုပေါင်း (၁၄၇)ဦး လာရောက်ဆေးဝါးကုသမှုခံယူ ခဲ့ကြကြောင်း သိရပါတယ်။

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။