မ​နေ့က ည ၁၁ နာရီကစပြီးမနက်​ ၄ နာရီအထိ

​မြေနီကုန်​းတံတား​အောက်​ဘက်​

​ဘောလုံးကွင်​းနဲ့အပန်​း​ဖြေ​နေရာ​လေးကို

သန်​့ရှင်​း​ရေးလုပ်​ဖြစ်​တဲ့ မှတ်​တမ်​း​လေးပါ

​တော်​​တော်​​လေး အချိန်​ယူလုပ်​ခဲ့ရပါတယ်​

​​ရောက်​​ရောက်​ချင်​း အမှိုက်​​ကောက်​တာ

အမှိုက်​အိတ်​ကြီးနဲ့တအိတ်​ရပါတယ်​

စားကြွင်​းစားကျန်​ ​တွေ​ရော ​ရေသန်​့ဘူး​တွေ

အရက်​ပုလင်​း​တွေ​ သဲ​တွေဖုန်​​တွေကို

ကျွန်​​တော်​တတ်​နိုင်​သ​လောက်​​ကောက်​​ပေးခဲ့ပါတယ်​

​ချောင်​ကြား​လေးထဲကတံမြက်​စည်​း​လေးရှာ​တွေ့လို့သဲ​တွေပါလှဲနိုင်​ခဲ့တယ်​

ကွမ်​းတံ​တွေး​တွေက​တော့ ဆပ်​ပြာနဲ့​တော်​​တော်​ကိုတိုက်​ရပါတယ်​

မ​ပြောင်​တာ​တွေလည်​း အများကြီးရှိ​နေပါ​သေးတယ်​

ရက်​ကြာသွားတာမျိုးထင်​ပါတယ်​

အဲ့ဒါ​တွေကိုလည်​း ​နောက်​တစ်​ပတ်​

အကယ်​ဒမီ​ကြွေ​ချေးချွတ်​​ဆေးနဲ့

ကျွန်​​တော်​ တိုက်​ဖို့အစီအစဉ်​ရှိပါတယ်​

ကျွန်​​တော်​့ဘက်​ကတစ်​နိုင်​တစ်​ပိုင်​လုပ်​တာဆို​တော့

တစ်​​ယောက်​အားနဲ့မထိ​ရောက်​တာ​တွေရှိ​နေပါ​သေးတယ်​

အားလုံးလည်​း ကျွန်​​တော်​့လိုစိတ်​ရှိမယ်​ဆို ပါဝင်​ဖို့ ဖိတ်​​ခေါ်ပါတယ်​

ကျွန်​​တော်​လည်​း မအားတဲ့ထဲကလုပ်​ခဲ့တာပါ

အဲ့ဒီမှာသန်​့ရှင်​း​ရေးလုပ်​ပြီး မနက်​ကျ ရုံးမှာ over time ဆင်​းလိုက်​​သေးတယ်​ ???

​ပြောချင်​တာက​တော့ အမှိုက်​မ​ကောက်​ချင်​​တောင်​

အမှိုက်​မပစ်​ကြပါနဲ့ဗျာ

ကျွန်​​တော်​တို့က​တော့​နောက်​အမှိုုက်​​တွေရှိ​နေ​သေးလည်​း ဆက်​လုပ်​​ပေးမှာပါ

အဲ့တ​နေရာတည်​းအတွက်​​ပြောတာမဟုတ်​ပဲ

​နေရာတိုင်​းမှာ အချိန်​တိုင်​းမှာ ကိုယ်​့အမှိုက်​​လေးကိုယ်​ အမှိုက်​ပုံးအ​ရောက်​သယ်​သွား​ပေးကြပါ

​ဒီကုန်​းတံတား​အောက်​မှာလည်​းအမှိုက်​ပုံး​တွေလိုအပ်​မယ်​ထင်​ပါတယ်​

ဒီpost​လေးကို share ​ပေးကြပါ

ကျွန်​​တော်​့လိုမျိုးတခြားသူ​တွေလည်​း ဒီ​နေရာ​လေးကလိုအပ်​​နေပါတယ်​

တပတ်​မှာ ခုနစ်​ရက်​ တစ်​ရက်​ကိုတ​ယောက်​ဒီလိုလုပ်​​ပေး​နေရင်​ ဒီ​နေရာ​လေးကဘယ်​ညစ်​ပတ်​​တော့မလဲဗျာ

ကျွန်​​တော်​လည်​းညတိုင်​းလုပ်​​ပေးချင်​ပါတယ်​

မ​နေ့ကညဆို မနက်​၄နာရီပြီး​တော့ ၅နာရီ​ကျော်​မှလှည်​းတန်​းက ကားရတယ်​ အိမ်​​ရောက်​တာနဲ့​ရေချိုးပြီး အလုပ်​သွားရတယ်​

ကျွန်​​တော်​လည်​း အားယား​နေလို့ သွားလုပ်​​နေတာမဟုတ်​ပါဘူးခင်​ဗျာ

အားလုံးလည်​းကူညီပြီး့​ဆောင်​ရွက်​​စေချင်​ပါတယ်​

အခုက​ဆောက်​လက်​စမို့လည်​းဖြစ်​ပါလိမ်​့မယ်​

​နောက်​ပိုင်​းကျအမှိုက်​ပုံး​တွေ သန်​့ရှင်​း​ရေးဝန်​ထမ်​း​တွေနဲ့ဖြစ်​လာမယ်​ထင်​ပါတယ်​

အဲ့အချိန်​​လေးအထိပဲဖြစ်​ဖြစ်​ဝိုင်​းဝန်​းထိန်​းသိမ်​းကြပါစို့လားဗျာ

^^^^^^^^^^^^^^^^^^^^^^^^^

ကျွန်​​တော်​့ကိုကူညီ​ပေးပြီး

ဓာတ်​ပုံ​တွေလည်​းရိုက်​ထား​ပေးတဲ့

အမ ကိုလည်​း ​ကျေးဇူးတင်​ပါတယ်​

​ရေလို​နေချိန်​မှာကူညီ​ပေးတဲ့

Dagon center 2 က ည​စောင်​့ဦး​လေးတို့ကိုလည်​း

​ကျေးဇူးပါ လို့ facebook သုံးစွဲသူတစ်ဦးက တင်ထားပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။