ကိုစိုးမိုးထွန်းသေဆုံးမှု အမှုမှန်ပေါ်ပေါက်စေရေးအတွက် ဆုတောင်းခဲ့ကြတဲ့ မီဒီယာသမားများ

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က အသတ်ခံရတဲ့ Eleven Media Group ရဲ့ မုံရွာအခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း အမှု အမြန်ဆုံး ပေါ်ပေါက်ဖို့ သတင်းမီဒီယာသမားတွေ စုပါင်းပြီး ဒီကနေ့ ညပိုင်းမှာ ရန်ကုန်မြို့ ဆူးလေဘုရားအနီးမှာ ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမားတွေအတွက် လုံခြုံမှု နည်းပါးကြောင်း သတင်းမီဒီယာသမားတွေအပြင် ပြည်သူတွေမှာလည်း တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက် အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးကို အဓိကဆောင်ရွက်ပေးစေချင်ကြောင်း၊ သတင်းမီဒီယာဥပဒေမှာလည်း သတင်းမီဒီယာသမားတွေကို ကာကွယ်ပေးတဲ့ ဥပဒေတစ်ရပ် အမြန်ဆုံးထည့်သွင်းပေးဖို့နဲ့ သတင်းမီဒီယာသမားတွေဟာ အသက်အာမခံထားဖို့ လိုအပ်နေပြီလို့ လှုပ်ရှားမှုမှာပါဝင်တဲ့ သတင်းမီဒီယာသမားတွေက ပြောပါတယ်။

ဒီကနေ့ဆုတောင်းပွဲကို သတင်းမီဒီယာသမား ၃၀ နီးပါး ပါဝင်ခဲ့ပြီး ကိုစိုးမိုးထွန်း သေဆုံးခဲ့တဲ့အပေါ် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ ၂ မိနစ်ငြိမ်သက်ခဲ့ကြပါတယ်။

Eleven Media Group ရဲ့ မုံရွာမြို့အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း သေဆုံးမှုကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးနေတယ်လို့ မုံရွာမြို့မ ရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့် ကပြောပါတယ်။

Source: မြန်မာ့သတင်းဦး သတင်းထူး

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။