မြန်မာ့ပင်လယ်ပြင်တွင် ငါးမျိုးပွားမှုနှုန်းမြင့်မားစေရန် ငါးဖမ်းရေယာဉ်များ လအနဲအငယ် ငါးဖမ်းခွင့်ပိတ်မယ်လို့ သတင်းရရှိရပါတယ်။ပြီးခဲ့တဲ့၂ဝ၁၃ ခုနှစ်မှစတင်ကာ မြန်မာ့ပင်လယ်ပြင်အတွင်း ငါးမျိုးမပြုန်းတီးစေရေးအတွက် ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရ ဧရိယာများကို စတင်သတ်မှတ်ဆောင်ရွှက်ခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီး ၂ဝ၁၇ ခုနှစ်တွင် ငါးဖမ်းဆီးခွင့်ကို ၃ဝ ရာခိုင်နှုန်း သတ်မှတ်ထားရှိခဲ့တာပဲ ဖြစ်ပါတယ်။ 

ထိုသို့ သတ်မှတ်ထားရှိခဲ့ပေမယ့်လည်း မြန်မာ့ပင်လယ်ပြင်တွင် တရားမဝင်ငါးဖမ်းဆီးမှုများနှင့် အဆင့်မြင့်နည်း ပညာရပ်များဖြင့် ငါးဖမ်းဆီးမှုတို့ ရှိနေသေးတာပဲဖြစ်ပါတယ်။ မြန်မာ့ပင်လယ်ပြင်အတွင်းကိုလည်း ငါးသယံဇာ တတည်ရှိနေမှုနှင့် မျိုးပွားနိုင်မှုတို့ကို ပြည်ပနိုင်ငံများမှ ပညာရှင်များမှ အကြိမ်ကြိမ် သုတေသနများ ပြုလုပ်စစ် ဆေးခဲ့တယ်လို့လည်း သိရပါတယ်။ သုတေသနများပြုလုပ်ခဲ့ရာမှာတော့ ငါးသယံဇာတများဟာ အကြောင်း အမျိုးမျိုးကြောင့် ရှားပါးသွားခြင်းနှင့် မျိုးပွားနှုန်းလည်း ကျဆင်းလျက်ရှိတယ်လို့ သုတေသနပြုသူများက ပြောပါတယ်။ 

၂ဝ၁၈ ခုနှစ်အတွက် ငါးမဖမ်းရ ရာသီကို မေ ၁၅ ရက်မှ သြဂုတ် ၁၅ ရက်အထိ ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရ ကာလ သတ်မှတ်ထားတယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ပင်လယ်ပြင်မှငါးများ ရေရှည်စားသုံးနိုင်ရေး၊ ငါးများမျိုးပွားမှုနှုန်း မြင့်မားလာစေရေး ရည်ရွယ်ချက်များဖြင့် ပြုလုပ်တာဖြစ်ကြောင်း ၎င်းကပြောပါတယ်။ထို့ပြင် နိုင်ငံတစ်ဝန်းရှိ ငါးဖမ်းရေယာဉ်များ အားလုံး ပင်လယ်ပြင်ထွက်ခွာငါးဖမ်းဆီးခွင့် ပိတ်ပင်ထားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှသိရပါတယ်။  

သတင်းအရင်းအမြစ် - The Mirror Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။