"မင်းအပြစ်" သီချင်း MTV နဲ့ပတ်သတ်ပြီး ဆင်ဆာငြိမှာ ကြောက်နေတယ်ဆိုတဲ့ မင်းသွေး

တစ်ကိုယ်တော်စီးရီး ‘ထိုးစစ်’အခွေတွင် ပါဝင်သော‘မင်းအပြစ်’သီချင်းအမ်တီဗီ၌ရက်ရက်စက်စက်လူသတ်သည့် ဇာတ်ဝင်ခန်းများ ထည့်သွင်းရိုက် ကူးထားသဖြင့် ဆင်ဆာငြိမည်ကို စိုးရိမ်ကြောင်း သရုပ်ဆောင် မင်းသွေးက ပြောသည်။

‘‘သည်ခေတ်နေကလည်း Suspense ကြိုက်တဲ့လူ။ လူသတ် ကားတွေ ဘာတွေကြိုက်တယ်။ လူသတ်တာကို ပိုးစိုးပက်စက် သတ်ပြထားတယ်။ သီချင်းထဲမှာ လည်း သူ့ကို ဘာကြောင့်သတ်ရ လဲဆိုတာပြထားတယ်။ လက် ဖြတ်တာတွေ၊ သွားတွေနုတ်တဲ့ အထိပါတော့ နည်းနည်းစိုးရိမ် တယ်။ နောက်ဆုံး အပိုင်းပိုင်းပြီး အထုပ်နဲ့သယ်သွားတဲ့အဆင့်အ ထိ ပါတာဆိုတော့ အဲဒါကို ကြောက်တယ်’’ဟု မင်းအပြစ် သီချင်းအမ်တီဗီနှင့်ပတ်သက်၍ ၎င်းက ပြောသည်။

ဆင်ဆာငြိသည့် အခြေအ နေကြုံနိုင်သောကြောင့် အဆိုပါ သီချင်းအတွက် အခြားပုံစံတစ်မျိုး ဖြင့် ပြင်ဆင်ထားပြီး ယင်းပုံစံသာ ထပ်မံဆင်ဆာငြိပါက သီချင်းကိုအွန်လိုင်း၌ အခမဲ့တင်ပေးမည်ဟု ၎င်းက ဆိုသည်။

‘ထိုးစစ်’အမ်တီဗီအတွက် သီချင်းတစ်ဝက်ခန့် ရိုက်ကူးရန် ကျန်ရှိနေပြီး လာမည့်နှစ်အတွင်း ထွက်ရှိနိုင်ရန် ကြိုးစားနေကြောင်း မင်းသွေးက ပြောသည်။

‘‘ထိုးစစ်က လောလောဆယ် ခြောက်ပုဒ်ပြီးသွားပြီ။ ကျန်တဲ့ ခြောက်ပုဒ်က ခရီးက ပြန်လာရင် ရိုက်မယ်။ နှစ်လပိုင်းလောက် ထွက်နိုင်အောင် ကြိုးစားမယ်။ နှစ်လပိုင်းမှ မထွက်နိုင်ရင် သုံးလ ပိုင်းက သင်္ကြန်နဲ့ကပ်သွားပြီ။ နှစ်လပိုင်းမှ မထွက်နိုင်ရင်တော့ ခြောက်လပိုင်း ၂၁ ရက်နေ့ ကျွန် တော့်မွေးနေ့ အော်ဒီယိုစီဒီထွက် တာ ၂ နှစ်ပြည့်တဲ့နေ့မှာ ထွက် မယ်’’ဟု ၎င်းက ပြောသည်။

ထို့အပြင် ခရီးသွားပရိုဂရမ် တစ်ခုအတွက် သွားရောက်သည့် တရုတ်နိုင်ငံခရီးတွင် အဆင်ပြေ ပါက ‘ထိုးစစ်’အမ်တီဗီအတွက် ရိုက်ကူးရန် အစီအစဉ်ရှိသည်ဟု ၎င်းက ဆိုသည်။

‘‘ထူးထူးခြားခြားအနေနဲ့ ပရိ သတ်ကို ပြောချင်တာကတော့ ၂၀၁၇ ထဲမှာ ကျွန်တော့်ကို ဇာတ် လမ်းတွဲပေါ်မှာ မြင်ရပါမယ်။ Media 7 နဲ့ ဇာတ်လမ်းတွဲရိုက်ဖို့ ရှိပါတယ်။ နောက်ပြီး မြိုင်သရဖူ ထုတ်လုပ်ရေးကနေ အစ်ကို (နေတိုး)နဲ့ တွဲပြီးရုပ်ရှင်တစ်ကား ဖန်တီးဖို့ရှိပါတယ်’’ဟု ၎င်း၏ အနုပညာလှုပ်ရှားမှုများအကြောင်း မင်းသွေးက ပြောသည်။

Source: 7Day News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။