ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ယွန်းယွန်းကတော့ သူမရဲ့ ချစ်စရာအပြုံးလေးတွေကြောင့် ပရိသတ် တွေအကြွေကြီးကြွေနေရသူလေးပဲ ဖြစ်ပါတယ်။ အပျိုဖော်ဝင်စအရွှယ်လေးရောက်လာပြီဖြစ်တဲ့ သူမကတော့ နတ်သတ်ကြွေနတ်သမီးလေးတစ်ပါး တစ်နေ့တစ်ခြားပိုပို ပြီးချစ်ဖို့ကောင်းလာတာကြောင့် ပရိသတ်တွေအချစ် ပိုနေကြရပြီး သူမရဲ့အချစ်ရေးကလည်း ပရိသတ်တွေစိတ်ဝင်စားစရာတစ်ခုအဖြစ်နဲ့ စောင့်ကြည့်နေကြရတာ ပဲဖြစ်ပါတယ်။လက်တလော လူမှုကွန်ယက်တွေမှာတော့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီး ကောလဟာလ သတင်းတွေထွက်ရှိနေတာ ကြောင့် ယွန်းယွန်းတစ်ယောက်အရမ်းကို စိတ်ညစ်နေရတယ်လို့ သိရပါတယ်။ 

လက်ရှိမှာ သူမကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲတစ်ခြမ်းအဆိုတော်အုပ်စိုးခန့်နဲ့ သတင်းလေးတွေ ထွက်ရှိနေတာပဲ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက အုပ်စိုးခန့်နဲ့အတူ သင်္ကြန်သီချင်း MTV လေးတစ်ခုရိုက်ကူးခဲ့ စဉ်ကတည်းက ပရိသတ်တွေအရမ်းကိုစိတ်ဝင်စားနေခဲ့ကြတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အုပ်စိုးခန့်ရဲ့ လူမှုကွန်ယက် အကောင့်ဟာ ဟက်ကာတစ်ချို့ရဲ့ အကောင့်ထိန်းသိမ်းခြင်းခံခဲ့ရပြီး သူတို့နှစ်ဦး သီးသန့်ပြော ထားတဲ့ စာတွေို လူမှုကွန်ယက်မှာ Screen Shot နဲ့တကွချပြခံလိုက်တာပဲ ဖြစ်ပါတယ်။  

သူမနဲ့ အုပ်စိုးခန့်ဟာ သင်္ကြန်သီချင်း MTV လေးရိုက်ကူးစဉ်ကမှ ပထမဆုံးစဆုံဖူးတာဖြစ်တယ်လို့ အင်တာဗျူး တစ်ခုမှာဖြေကြားခဲ့ပေမယ့် ပရိသတ်တွေကတော့လက်ရှိသူတို့ပြောထားတဲ့စာတွေကြောင့် မေးခွန်းများစွာနဲ့ စိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့ သိုလောသိုလောနဲ့ အရမ်းကိုစိတ်ဝင်စားနေပေမယ့် ပရိသတ်အချစ်တော်ယွန်းယွန်းက တော့ဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး အရမ်းကိုစိတ်ညစ်နေရတာပဲဖြစ်ပါတယ်။ ယွန်းယွန်းရဲ့ လူမှုကွန်ယက်မှာလည်း “သူတို့အချင်းချင်းမကျေနပ်တဲ့ဟာကို ဘာလို့မဆိုင်တဲ့ လူကိုခုတုံး လုပ်ချင်လဲမသိဘူး၊ သူတို့ထိခိုက်နစ်နာအောင် ကိုယ့်ဘက်ကတစ်ခုခုလုပ်ထားတာမျိုးလဲမရှိဘဲနဲ့”ဆိုတဲ့စာလေး နဲ့အတူ ပရိသတ်တွေကိုရင်ဖွင့်ခဲ့တာပဲ ဖြစ်ပါတယ်။စာမေးပွဲလည်း ဖြေရတော့မှာဖြစ်တာကြောင့်သူမကတော့ အရမ်းကို စိတ်ညစ်နေပြီး သူမနဲ့မဆိုင်တဲ့ကိစ္စဖြစ်တာကြောင့်လည်း ဒီထက်ပိုပြီးရှင်းစရာမရှိတော့ပါဘူးလို့ သူမရဲ့ ပို့စ်အောက်လေးမှာ ကွန်းမန့်ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။  

သတင်းအရင်းအမြစ် - ယွန်းယွန်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။