မြန်မာနိုင်ငံအတွင်းမှာတော့ ဆယ်တန်းစားမေးပွဲကို ၅ကြိမ်တိုင်တိုင်ဆွတ်ခူးရယူနိုင်ခဲ့တဲ့ မျိုးရိုးတစ်ခုရှိခဲ့ပါတယ်။အလွန်အမင်းကြိုးစားတောင်မှ အောင်မြင်ရန်ခက်ခဲလှတဲ့ ဆယ်တန်းစာမေးပွဲကို မျိုးရိုးလေးခုဆက်တိုက်ပထမနေရာရယူနိုင်ခဲ့တာက အရမ်းလေးစားစရာကောင်းလှတဲ့အတွက် ပရိတ်သတ်တွေသိရှိနိုင်စေဖို့အတွက် တင်ဆက်ပေးလိုပါတယ်။

ဦးဟုတ်စိန်

ဦးဟုတ်စိန်ကတော့ ၁၉၀၉ ခုနှစ်မှာ စိန်ပေါလ်ကျောင်းကနေဝင်ရောက်ဖြေဆိုခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးပထမဆုကို ရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဦးဟုတ်စိန်ကတော့ ဘွဲ့ဒီကရီများစွာကိုရယူနိုင်ခဲ့ပြီး ၎င်းပြုစုုခဲ့တဲ့ အဘိဓာန်ကျမ်းတွေဟာဆိုရင်လည်း ယနေ့ထက်ထိတိုင် ရဟန်းရှင်လူတို့အားကိုးအားထားပြုနေရတာပဲဖြစ်ပါတယ်။

မောင်စောလှိုင်

မောင်စောလှိုင်ကတော့ ဦးဟုတ်စိန်ရဲ့သားဖြစ်ပြီး ၁၉၃၆ ခုနှစ်တွင်ကျင်းပခဲ့တဲ့ဆယ်တန်းစာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးပထမနဲ့အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ဦးစောလှိုင်ကတော့ စပိန်နိုင်ငံရဲ့ မြန်မာနိုင်ငံတော်ဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် အဖြစ်တာဝန်ထမ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ချယ်ရီသန်းသန်းတင်

ချယ်ရီသန်းသန်းတင်ကတော့ ဦးစောလှိုင်နဲ့ ဒေါ်ညွန့်ရီတိုရဲ့သမီးဖြစ်ပြီး ၁၉၆၄ ခုနှစ်တွင် St Mary Diocesan ကျောင်းကနေ မြန်မာတစ်နိုင်ငံလုံးပထမအနေနဲ့ ဆယ်တန်းစာမေးပွဲကိုအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ မီးယပ်နှင့်သားဖွားပါရဂူ ဆေးပညာရှင်ပါမောက္ခဒေါက်တာသန်းသန်းတင်ဆိုပြီး ကျော်ကြားခဲ့သူတစ်ဦးလဲဖြစ်ပါတယ်။ 

စောဝင်းမြင့်

စောဝင်းမြင့် ကတော့ ဒေါ်ချယ်ရီသန်းသန်းတင်နဲ့ ဦးအောင်မွန်တို့ရဲ့သားဖြစ်ပြီး အထက-၂ ကမာရွတ်ကျောင်းကနေ မြန်မာတစ်နိုင်ငံလုံးပထမအနေနဲ့ အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ဒါ့အပြင်၎င်းဟာ ထိုအချိန်အခါက အမြင့်ဆုံးအမှတ်ဖြစ်တဲ့ ၅၅၇ မှတ်နဲ့ အမှတ်အများဆုံးစံချိန်ကိုလဲတင်နိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

စမ်းယုမွန်

စမ်းယုမွန်ကလည်း ဒေါ်ချယ်ရီသန်းသန်းတင်ရဲ့သမီးတစ်ယောက်ဖြစ်ပြီး စောဝင်းမြင့်ရဲ့တစ်ဦးတည်းသောညီမလေးတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ၁၉၉၆ ခုနှစ်တွင်ကျင်းပခဲ့တဲ့ ဆယ်တန်းစာမေးပွဲကို အထက-၂ ကမာရွတ်ကနေပဲ မြန်မာတစ်နိုင်ငံလုံးပထမအဆင့်ကို ရယူနိုင်ခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဦးဟုတ်စိန်ကနေစပြီး မျိုးရိုး ၄ ဆက်တိုင်အောင် ဆယ်တန်းစာမေးပွဲကိုမြန်မာတစ်နိုင်ငံလုံး ပထမ အနေနဲ့ဗိုလ်ဆွဲခဲ့တာက အရမ်းလေးစားစရာကောင်းလှပါတယ်။

photo credit - သုတဇုန္

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။