ပရိတ်သတ်တွေအချစ်တော် မင်းသမီးချောလေး စိုးပြည့်ကတော့ အစ်မဖြစ်သူ စန္ဒီမြင့်လွင်ရဲ့ မင်္ဂလာပွဲလေးမှာ မင်္ဂလာပန်းကြဲအဖြစ် ပါဝင်ကူညီပေးခဲ့ပါတယ်။ ညနေဘက် Dinner မှာလည်း သီချင်းဆိုဖျော်ဖြေခဲ့ပါသေးတယ်။ အစ်မရဲ့မင်္ဂလာဆောင်မှ တက်ကြွပျော်ရွှင်စွာပါဝင်ဆင်နွှဲနေပုံလေးက တကယ်ကိုချစ်စရာလေးပါ ပရိတ်သတ်ကြီးတို့ရယ်။ 

မနက်ပိုင်းကလည်း “ချစ်ရတဲ့မဒီရဲ့ မင်္ဂလာဆောင်မှာ ပန်းကြဲတယ်.. ကိုယ့်အမ မင်္ဂလာဆောင်ဆိုတော့ အရင်ပွဲတွေ ကြဲပေးရတာထက်ပိုပျော်တယ်..... သူပျော်တာကြည့် ပြီးပျော်တယ်......” ဆိုပြီး ရွှေအိုနုရောင်မင်္ဂလာဝတ်စုံလေးနဲ့ အစ်မဖြစ်သူအတွက် ဝမ်းသာပျော်ရွှင်ပြီး ဂုဏ်ပြုပေးခဲ့တဲ့အကြောင်းလေးကိုလည်း ရေးသားမျှဝေထားတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ညနေဘက်ပြုလုပ်ခဲ့တဲ့ Dinnerမှာ " မနေ့ကအပျော်ပုံရိပ်လေးတွေ....အမှတ်တရ"ဆိုပြီး တကယ့်ကိုပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေကို မျှဝေထားပါတယ်။ 

အမြဲချစ်စရာပုံရိပ်လေးတွေနဲ့ ဖမ်းစားတတ်တဲ့ စိုးပြည့်လေးကတော့ ရွှေအိုနုရောင်မင်္ဂလာဝတ်စုံလေးနဲ့လည်း လိုက်ဖက်ညီသလို ဒင်နာ ပွဲမှာ Evening Gowns လေးနဲ့လည်း ချစ်စရာကောင်းလွန်းနေတာကြောင့် ပရိသတ်တွေကတော့ အချစ်ပိုရပြန်ပါပြီ..။ အစ်မဖြစ်သူရဲ့ ခမ်းခမ်းနာနားမင်္ဂလာပွဲလေးမှာ တစ်တပ်တစ်အား ပါဝင်အားပေးပေးခဲ့တဲ့ မင်းသမီးချောလေး စိုးပြည့်ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

source - Soe Pyae Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။