အဆိုတော် စန္ဒီမြင့်လွင်နဲ့ ကိုသီဟလွင်တို့ရဲ့ မင်္ဂလာညစာစားပွဲလေးကို မတ်လ(၁၂)ရက်နေ့ ညနေ(၆)နာရီက Lotte Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်..။

မင်္ဂလာညစာစားပွဲလေးကိုလည်း ပန်းကြဲ၊ သတို့သား သတို့သမီး အရံတွေနဲ့အတူ စည်စည်ကားကားနဲ့ ပျော်ရွှင်ကြည်နူးစွာ ကျင်းပပြုလုပ်ခဲ့တာလည်း တွေ့ရပါတယ်..။  

မင်္ဂလာပန်းကြဲအဖြစ် မင်းသမီးချောလေး ခင်ဝင့်ဝါက ပါဝင်ကူညီပေးထားပြီး သတို့သား အရံတွေအဖြစ် ဇေယျာ၊ ပိုင်တံခွန်၊ အလင်းရောင်၊ အောင်လေးနဲ့ သတို့သမီးအရံတွေကတော့ ခင်လေးနွယ်၊ အောန်ဆိုင်း၊ ဝိုင်းလေးနဲ့ ပိုပိုတို့က ပါဝင်ကူညီပေးထားကြတာ တွေ့ရပါတယ်..။

မင်္ဂလာညစာစားပွဲလေးကို နှစ်ဖက်အသိုင်းအဝိုင်းစုံစုံလင်လင်နဲ့ အနုပညာရှင်တော်တော်များများလည်း တတ်ရောက်ဂုဏ်ပြုပေးခဲ့ကြပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်..။ 

အဆိုတော် စန္ဒီမြင့်လွင်နဲ့ ကိုသီဟလွင်တို့ရဲ့ မင်္ဂလာလက်ထပ်ပွဲ အခမ်းအနားလေးကို မတ်လ(၁၀)ရက်နေ့ နေ့လည်(၁)နာရီက ရန်ကုန် Novotel Hotel မှာ တခမ်းတနားနဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်..။

သူမတို့ရဲ့မင်္ဂလာဦးဆွမ်းကျွေးအလှူလေးကို မတ်လ(၁၀)ရက်နေ့ မနက်(၉)နာရီက ရန်ကုန်၊ မစိုးရိမ်ကျောင်းတိုက်မှာ ပြုလုပ်ကျင်းပခဲ့ပြီး မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးအခမ်းအနားပွဲကိုတော့ ပြီးခဲ့တဲ့ မတ်လ(၄)ရက်နေ့က ရန်ကုန် တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်..။

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။