မတ်လ ၁၁ ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့ အဆိုတော် စန္ဒီမြင့်လွင်နဲ့ ကိုသီဟတို့ရဲ့ မင်္ဂလာပွဲလေးကိုတော့ အနုပညာရှင်တွေများစွာတက်ရောက်ဂုဏ်ပြုခဲ့ကြတာပဲဖြစ်ပါတယ်။ Nonotal Hotel မှာကျင်းပတဲ့သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲဟာ ခမ်းနားကြီးကျယ်လှတာကြောင့် အားကျနှစ်သက်ကြတဲ့သူတွေလဲများစွာရှိနေခဲ့ပါတယ်။ 

နေ့လည် ၁ နာရီမှာစတင်ကျင်းပခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲမှာတော့ နိုင်ငံကျော်အနုပညာရှင်တွေက မင်္ဂလာပွဲလေးစည်ကားသိုက်မြိုက်အောင် အားဖြည့်ကူညီပေးခဲ့တာကိုလဲတွေ့ရှိခဲ့ရပါတယ်။ ညဘက် Dinner ပွဲလေးကျင်းပတဲ့အချိန်မှာတော့ ပရိတ်သတ်ချစ်တဲ့အနုပညာရှင်တွေရဲ့ ဟိတ်ဟန်တွေမပါပဲ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေများစွာကို တွေ့မြင်ခဲ့ရပါတယ်။ မခိုင်လေး မအေးမြတ်သူတို့ရဲ့ အကလေးဟာဆိုရင်လဲ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ပရိတ်သတ်တွေကိုပါ အပျော်တွေကူးစက်စေခဲ့တဲ့ ဗီဒီယိုလေးတစ်ခုဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် dinner ပွဲလေးအတွင်းမှာကြည်ကြည်နူးနူးနဲ့ကနေတဲ့ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံရဲ့ ဗီဒီယိုလေးတစ်ခုကလဲ လူမှုကွန်ယက်ပေါ်မှာထွက်ရှိလာခဲ့တာတွေရှိရပါတယ်။မျက်နှာမှာ ပီတီအပြုံးလေးတွေများစွာနဲ့ ကြည်ကြည်နူးနူးကနေကြတဲ့ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေဟာ ကြည့်လိုက်တာနဲ့ရင်ထဲကိုအေးချမ်းသွားစေနိုင်လောက်ပါတယ်။ ပရိတ်သတ်တွေလဲထပ်တူ ခံစားနိုင်စေဖို့ ဗီဒီယိုလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

video credit myanmar famous stars

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။