ဘာစီလိုနာအသင်းရဲ့ ကစားသမား ကော်တင်ဟိုက နေမာဟာ အသင်းဟောင်း ဘာစီလိုနာအသင်းကို ပြန်လာရင်ကြိုဆိုသွားမယ်လို့ ဆိုခဲ့ပါတယ်။နေမာဟာ PSG အသင်းမှာ မပျော်ရွှင်ပဲ အသင်းဟောင်း ဘာစီလိုနာအသင်းမှာပြန်လည်ကစားချင်နေတယ်လို့ သတင်းတွေကျယ်လောင်စွာထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။ဒါကြောင့် ဘရာဇီလ်းနိုင်ငံအသင်းဖော်တွေ ဖြစ်ကြတာကြောင့် ကော်တင်ဟို ဟာ နေမာနဲ့ လက်တွဲပြီးကစားချင်နေတာလည်းဖြစ်ပါတယ်။

နေမာ ဟာ လက်ရှိမှာ ဒဏ်ရာကြောင့် အနားယူနေရတာလည်းဖြစ်ပါတယ်။နေမာဟာ ရာသီအစက ဘာစီလိုနာအသင်းကနေ PSG အသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တာလည်းဖြစ်ပါတယ်။သို့သော် လက်ရှိမှာနေမာဟာ ပြင်သစ်လိဂ်ဂူးမှာ မပျော်ရွှင်တာကြောင့် အသင်းဟောင်းကို ပြန်ဖို့ ဖွင့်ဟခဲ့တယ်လို့ စပိန်သတင်းစာတွေက ဖော်ပြခဲ့ကြတာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ရာကီတစ်ကလည်း နေမာဟာ ဘာစီလိုနာအသင်းကိုနောက်တစ်ခေါက်ပြန်လာခဲ့မယ်ဆိုရင် ဝမ်းသာစွာကြိုဆိုသွားမှာပါလို့ ဖွင့်ဟသွားခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းကတော့ နေမာကို လက်လွှတ်သွားဖို့ ဆန္ဒမရှိတာကြောင့် ဒီအပြောင်းအရွှေ့ဟာ စိတ်ဝင်စားဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။

Source - 90min.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။