ဆောက်သမ်တန်အသင်းကတော့ အသင်းရဲ့နည်းပြ ပယ်လီဂရီနိုကို ရာထူးကနေထုတ်ပယ်လိုက်ပြီလည်းဖြစ်ပါတယ်။ဆောက်သမ်တန်အသင်းဟာ ရလဒ်တွေဆိုးဝါးနေခဲ့ပြီး တန်းဆင်းဇုံနားမှာရှိနေတာလည်းဖြစ်ပါတယ်။စနေနေ့က နယူးကာဆယ်အသင်းရဲ့ အိမ်ကွင်းမှာ ဆောက်သမ်တန်အသင်းဟာ သုံးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့် တနလာၤနေ့မှာတော့ ပယ်လီဂရီနိုကို ရာထူးကနေထုတ်ပယ်လိုက်ပြီဖြစ်ကြောင့် ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းဟာ ပွဲစဉ် ၃၀ အပြီးမှာ ရမှတ် ၂၈မှတ် သာရရှိထားပြီး အဆင့် ၁၇ နေရာမှာရှိနေခဲ့တာလည်းဖြစ်ပါတယ်။တန်ဆင်းဇုံကအသင်းတွေနဲ့ ၁ မှတ်သာ ကွာဟမှုရှိနေခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့် နောက်ထပ်ပွဲစဉ် ၈ ပွဲသာကျန်ရှိတော့တာကြောင့် အမှားခံလို့မရတဲ့ အနေအထားမှာရှိနေတာလည်းဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းဟာ ပွဲစဉ် ၃၀ အပြီးမှာ နိုင်ပွဲ ၅ ပွဲသာရှိခဲ့ပြီး ၁၃ ပွဲသရေကျကာ ၁၂ ပွဲရှုံးပွဲကြုံတွေ့ထားရတာလည်းဖြစ်ပါတယ်။ဒါကြောင့် နည်ပြ ပယ်လီဂရီနို အပါအဝင် လက်ထောက်နည်းပြ နှစ်ဦးကိုပါ ထုတ်ပယ်ခဲ့တာလည်းဖြစ်ပါတယ်။ဆောက်သမ်တန် အသင်းကို ဘယ်နည်းပြ တာဝန်ယူကိုင်တွယ်သွားမှာလည်းဆိုတာကိုတော့ စောင့်ကြည့်ရအုံးမယ်ဗျာ။

Source - mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။