ဝမ်းချုပ်တာကို လူတိုင်းခံစားဖူးမှာပါ။ဘာကြောင့် ဝမ်းချုပ်ရတာလဲဆိုတော့ အူလမ်းကြောင်းလှုပ်ရှားမှုတွေ ကတော့ မှုလထက်နည်းသွားဖြစ်ပါတယ်။လူတစ်ယောက်နဲ့ တစ်ယောက်ဝမ်းသွားပုံစံတွေက မတူညီကြ ပါ ဘူး။ဒါပေမဲ့ ဝမ်းချုပ်တာကတစ်ကယ်ကို မပေါ့ဆသင့်ပါဘူး။စားသောက်မှုပုံစံတွေ အမျှင်ဓာတ်အားနည်းခြင်း နို့နဲ့ နို့ထွက်ပစ္စည်းများကို အလွန်အကျွံစားသုံးခြင်း၊ အထိုင်များတဲ့သူတွေ ၊ဝမ်းသွားရမယ့်အချိန်မှာ မသွားပဲ ထိန်းချုပ်ထားခြင်း၊ စိတ်ဖိစိများခြင်း၊ မကြာခဏ ဝမ်းနှုတ်ဆေး စားနေရခြင်း၊ ကယ်လဆီယမ်ဓတ် များတဲ့ ဆေးတွေ သောက်နေရခြင်း၊ သံဓာတ်အားဖြည့်ဆေး စားသုံးနေရခြင်း၊ တို့ဖြစ်နိုင်ပါတယ်။

နောက်ထပ် ကိုယ်ဝန်ဆောင်ခြင်း၊ ဦးနှောက်နှင့် အာရုံကြောဝေဒနာခံစားနေရခြင်း၊ အစားစာရှောင် လွန်း ခြင်း၊ အူမကြီး ကင်ဆာခံစားနေရခြင်း၊ တို့ကြောင့်လည်းဖြစ်နိုင်ပါသေတယ်။ ဝမ်းသွားရခက်ခဲပြီး စမျဉ်းတုံး ခံခြင်း၊ ဝမ်းတွင်း ကျန်ခဲ့သလိုခံစားနေရခြင်း၊ ဗိုက်အောင့်ခြင်း၊ တို့ဖြစ်ပေါ်ခံစားရပါတယ်။ရေများများသောက် ပေးပါ။မနက်ပိုင်းကို ရေနွေး နှင့်အသီးရွက်များများ စားပေးပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။ 

တစ်ကယ်လို အစားသောက်တွေကိုလည်း ပြောင်းလဲလိုက်သော်လည်း ဆက်ပြီးဝမ်းချုပ်ခြင်း၊ သွေးဝမ်းသွား ခြင်း၊ ကိုယ်အလေးချိန် အလိုလိုကျလာခြင်း၊ ဗိုက်ကရစ်ပြီးအောင့်ခြင်း၊နှစ်ပတ်ထက် ပိုဝမ်းချုပ်ခြင်း၊ တို့ဖြစ် နေရင်တော့ ဆရာဝန်နဲ့ ပြသတာအကောင်းဆုံးဖြစ်ပါတယ်။အဓီက ဝမ်းချုပ်တဲ့သူတွေ ကော်ဖီသောက်တာ လျော့ဖို့လိုပါလိမ့်မယ်။ ပြီးတော့ နို့်ထွက်ပစ္စည်းများများစားခြင်းကို ရှောင်ကြည်ပေးပါ။ အားလုံးကျန်းမာရွင် လန်းကြပါစေ။ 

Source : dr အောင်ပြည့်ဖြိုးဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။