နီပေါနိုင်ငံ Kathmandu လေဆိပ်ကို ဆင်းသက်တဲ့ လေယာဉ်တစီး ပျက်ကျလို့ လူ ၄၉ ဦး သေဆုံးတယ်လို့ နီပေါ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဖြစ်စဉ်မှာ လေဆိပ် အချက်ပြထိန်းချူပ်တဲ့ စနစ်နဲ့ လေယာဉ်မှုးတို့ နားလည်မှုလွဲမှားခြင်းကြောင့် ဖြစ်တယ်လို့ လေဆိပ်တာဝန်ရှိသူတွေရဲ့ပြောပြချက်အရသိရပါတယ်။  

ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်း US-Bangla လေယာဉ် BS211ဟာ မြေပြင်ကို ဆင်းသက်တဲ့ အချိန်မှာ လမ်းချော်သွားပြီး ပျက်ကျသွားတာ ဖြစ်ပါတယ်။

လေကြောင်းလိုင်းကတော့ လေဆိပ်က အချက်ပြ ထိန်းချုပ်တဲ့ စနစ်ကို အပြစ်တင်ခဲ့ပေမယ့် လေဆိပ်ကတာဝန်ရှိသူတွေကတော့ လေယာဉ်က လမ်းကြောင်းမှားပြီး ဆင်းသက်လာတာလို့ ပြောပါတယ်။

ပျက်ကျရတဲ့အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် နီပေါဝန်ကြီးချုပ် Sharma Oliကတော့ စုံစမ်းစစ်ဆေးတာတွေ အလျင်အမြန်လုပ်ဆောင်သွားမယ်လို့ ကတိပေးထားပါတယ်။

မပျက်ကျခင် လေယာဉ်မှူးနဲ့ လေဆိပ်က အချက်ပြထိန်းချုပ်တဲ့ စနစ်ကို ကိုင်တွယ်တဲ့သူတွေ ပြောဆိုခဲ့တဲ့ စကားတွေအရ နားလည်မှုလွဲသွားတာလို့ ဆိုပါတယ်။

ကယ်ဆယ်ရေး လုပ်သားတွေကတော့ ပျက်ကျသွားတဲ့လေယာဉ်ပေါ်က အလောင်းတွေကို ဆယ်ယူဖို့ ကြိုးစားနေပါတယ်။

လေယာဉ်ပေါ်မှာ လေယာဉ်မှူး၊ လေယာဉ်အမှုထမ်းနဲ့ ခရီးသည်အပါအဝင် ၇၁ ဦးကို တင်ဆောင်လာတာ ဖြစ်ပါတယ်။

ဒဏ်ရာရသူ ၂၂ ဦးကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ဘီဘီစီကို ပြောပါတယ်။ 

source - BBC news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။