ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် မင်းသမီး ချောရတနာကတော့ သူမရဲ့ ဒုတိယရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားလိုက်ပြီ ဖြစ်ပါတယ်..။

သူမရဲ့ ဒုတိယရင်သွေးလေးဖြစ်တဲ့ သမီးလေးကို မတ်လ(၁၂)ရက်နေ့ မနက်ပိုင်းက ဝိတိုရိယဆေးရုံမှာ အောင်မြင်စွာ မွေးဖွားခဲ့ပြီး မိခင်ရော ကလေးပါ ကျန်းမာတယ်လို့ သိရပါတယ်..။ 

သမီးလေးကို အောင်မြင်စွာမွေးဖွားခဲ့တဲ့အကြောင်းကိုတော့ မိတ်ကပ် ညီညီမောင်(စမ်းချောင်း)က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားမျှဝေထားတာ ဖြစ်ပါတယ်..။

"သမီးတော် Chaw Yadana Chaw Yadana ဒီနေ့မနက် သမီးလေး မွေးတယ် အမေရော ကလေးရော ကျန်းမာတယ် ကိုဒွေကတော့ အဘွားဖြစ်ပြီးရင်းဖြစ်ရာထူးတိုးတာပေါ့.." ဆိုပြီး ရေးသားမျှဝေထားတာပါ..။ 

မင်းသမီးချောရတနာကတော့ လက်ရှိမှာ သားတစ်ယောက် သမီးတစ်ယောက် ပိုင်ဆိုင်ထားပြီး သားဦးလေးကတော့ (၃)နှစ်ကျော် အရွယ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်..။

မင်းသမီး ချောရတနာရဲ့ ကြည်နူးပျော်ရွှင်စရာ သတင်းကောင်းလေးကိုလည်း ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။ 

Source - မိတ်ကပ် ညီညီမောင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။