ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင်း ဒီဒီယာဒရော့ဘာ ဟာ ရာသီကုန်ရင် ကစားသမားဘဝကနေအနားယူတော့မယ်လို့ ဖွင့်ဟခဲ့ပြီလည်းဖြစ်ပါတယ်။ဒရော့ဘာ ဟာ မကြာသေးခင်က အသက် ၄၀ ပြည့်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့် ဘောလုံးကစားသမားဘဝကို အသက် ၄၀ ပြည့်တဲ့ အချိန်မှာ အနားယူဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒရော့ဘာဟာ လက်ရှိမှာ အမေရိကန်ကလပ် ဖိုးနစ်ရီးဆင်း မှာ ကစားနေတာလည်းဖြစ်ပါတယ်။ဒရော့ဘာဟာ အမေရိကန်မှာ နှစ်နှစ်ကြာကစားခဲ့ပြီး အသင်းရဲ့ ပိုင်ရှင်အဖြစ် တစ်စိတ်တစ်ပိုင်းပါဝင်နေတာလည်းဖြစ်ပါတယ်။ဒရော့ဘာဟာ ကစားသမားဘဝကို အနှစ် ၂၀ ဖြတ်သန်းခဲ့တာလည်းဖြစ်ပါတယ်။ဒရော့ဘာဟာ ချဲလ်ဆီးအသင်းနဲ့ အောင်မြင်မှုများရယူနိုင်ခဲ့ပြီးနောက် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒရော့ဘာက " ကျွန်တော် ဘောလုံးကစားရတာကို တကယ်ကိုပဲ ကြိုက်နှစ်သက်ပါတယ်။ဒါပေမယ့် ဒီရာသီက ကျွန်တော့်ရဲ့ ကစားသမားဘဝ နောက်ဆုံးရာသီပါ။လက်ရှိမှာ ဘောလုံးအသင်းပိုင်ရှင်ဖြစ်ခွင့်ရနေတာကိုလည်း တကယ်ကိုကျေနပ်မိပါတယ်။အခု ကျွန်တော့်အသက်လည်း ၄၀ ပြည့်ခဲ့ပါပြီ။" လို့ ဖွင့်ဟပြောခဲ့တာလည်းဖြစ်ပါတယ်။

Source - Skynet sport channal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။