ကြွေသွား အရောင်ပြောင်းလဲတာကို သွားအရောင်ပြောင်းတယ်လို့ပဲ သတ်မှတ်ကြပါတယ်။ သွေးလွန်တုပ်ကွေး ဖြစ်တာမျိုး၊ ပိုးသတ်ဆေးသောက်ရတာမျိုး အဲ့လို အချိန်တွေမှာ သွားကြွေရောင်တွေက ပြောင်းလဲ တတ်ပါတယ်။ ရေမှာ ထုံးဓာတ် များလွန်းရင်လည်း သွားအရောင်တွေ ပြောင်းလဲတတ်ပါတယ်။ ကွမ်းစားတဲ့သူတွေ၊ အရောင်ပါသော အရည်များကို မကြာခဏ သောက်ဖြစ်တဲ့သူတွေ အနေနဲ့လည်း ကြွေသွားများ ပျက်စီးလွယ်ပြီး အရောင်ပြောင်းနိုင်ပါတယ်။ သွားထဲမှာရှိတဲ့ အကြောတွေ ပုပ်သွားတဲ့အခါမှာလည်း သွားတွေက သိသိသာသာ မဲလာ၊ ညိုလာတာမျိုး ဖြစ်လာတတ်ပါတယ်။ 

လူအများစု သွားဝါတဲ့ အဓိက အကြောင်းရင်းကတော့ အစားအသောက်ကြောင့် ဖြစ်ပါတယ်။ နေ့တိုင်း စားသောက်နေတဲ့ အစားအသောက်ထဲမှာ သွားအရောင်ကို ပြောင်းလဲစေနိုင်တဲ့ အစားအသောက်တွေ အများကြီးပါတယ်။ အထူးသဖြင့် အအေး၊ ကော်ဖီ၊ လက်ဖက်ရည် (အရောင်ပါတဲ့ အရည်) ကို သောက်သုံးခြင်းဖြင့် အရောင်ပြောင်းလဲဖို့ ရှိပါတယ်။ သွားတွေ ဝါခြင်းနဲ့ ပတ်သက်ပြီး ဘာတွေ ပြုလုပ်ရမလဲ ဆိုတာကိုပါ တစ်ဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။ 

သွားကျန်းမာရေးကောင်းဖို့ ဘာတွေ ပြုလုပ်ရမလဲ ???

သွားကျန်းမာရေးကောင်းဖို့ကတော့ တစ်နေ့ ၂ကြိမ် သွားတိုက်ခြင်းက အကောင်းဆုံးပါပဲ။ Fluoride ပါဝင်တဲ့ သွားတိုက်ဆေးတွေကို အသုံးပြုစေချင်ပါတယ်။ နောက်တစ်ခုကတော့ အစားစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။ ချက်ချင်း ပလုတ်ကျင်းစရာတော့ မလိုပါဘူး။ ဒီလိုဆိုရင်တော့ စားထားတဲ့ အရောင်တွေက သွားရဲ့ ကြွေမှာ ကျန်ခဲ့မှုနှုန်းက နည်းပါး ပါလိမ့်မယ်။ သွားတိုက်တံကိုလည်း အရမ်းကြမ်းတဲ့ သွားတိုက်တံကို ရှောင်ပြီး မိမိသွားနှင့် သင့်တော်သော ပုံမှန် သွားတိုက်တံကိုသာ ရွေးချယ်ဖို့ တိုက်တွန်းချင်ပါတယ်။

ဖော်ပြပါ ဗဟုသုတများ ရရှိပြီး တစ်နေ့ထက်တစ်နေ့ လှသထက် လှနိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။