Waymo က မောင်းသူမဲ့ ကုန်တင်ကားများအတွက် ဆော့ဖ်ဝဲကို သီးခြား ဖန်တီးထားတာမဟုတ်ဘဲမောင်းသူမဲ့ လူစီးကားများရဲ့ ဆော့ဖ်ဝဲကိုသာ ပြင်ဆင်မွမ်းမံထားတာ ဖြစ်ပါတယ်။ Waymo က ယခုမှသာအများသုံး လမ်းမများမှာမောင်းသူမဲ့ ကုန်တင်ကားများကိုပထမဆုံးစတင် စမ်းသပ်တာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ မောင်းသူမဲ့ ကုန်တင်ကားများကို Simulation အနေအထားဖြင့်သာစမ်းသပ်ခဲ့ဖူးတာ ဖြစ်ပါတယ်။ 

Waymo က မောင်းသူမဲ့ ကုန်တင်ကားများကို Simulation အနေအထား မှာလေ့ကျင့် သင်ကြားပေးထားပါတယ်။ ကုန်တင်ကားများဟာလူရဲ့ အကူအညီ လုံး၀ မလိုအပ်ဘဲမောင်းနှင်နိုင်ကြပါတယ်။ ဒါပေမယ့် အမှားအယွင်း ဖြစ်ပွားလျှင် ထိန်းကြောင်းဖို့အတွက် လေ့ကျင့်ပေးထားတဲ့ ယာဉ်မောင်းများလိုက်ပါကြမှာ ဖြစ်ပါတယ်။ 

Waymoနဲ့ Uberတို့ အပြင် မောင်းသူမဲ့ ကုန်တင်ကားများကိုစမ်းသပ်နေတဲ့ အခြားကုမ္ပဏီများလည်းရှိပါသေးတယ်။ Embark ဟာ ယခင် နှစ်က တောင်ကယ်ရိုလိုင်းနားနဲ့တက္ကဆပ်အကြားမှာရေခဲသေတ္တာများကိုမောင်းသူမဲ့ ကုန်တင်ကားများဖြင့် စမ်းသပ် ပို့ဆောင်ပေးခဲ့ပါတယ်။ 

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။