ယနေ့ည ၂ နာရီ ၁၅ မိနစ် မှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရှုံးထွက်ပြိုင်ပွဲ ဒုတိယအကျော့မှာ မန်ယူအသင်းဟာ အိမ်ကွင်းမှာ ဆီဗီလာအသင်းကို ဧည့်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။ပထမအကျော့တုန်းက ဆီဗီလာအသင်းရဲ့ အိမ်ကွင်းမှာ ဂိုးမရှိသရေရလဒ်နဲ့ ပွဲဟာပြီးဆုံးခဲ့တာဖြစ်ပါတယ်။ဒါကြောင့် နှစ်သင်းလုံးဟာ ဒုတိယအကျော့မှာ နောက်တဆင့်အတွက် အခွင့်အရေး အညီအမျှရှိနေခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမားပေါ့ဘာ နဲ့ ဟာရဲယားတို့ဟာ ယနေ့ပွဲမှာ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ပထမအကျော့တုန်းက ပွဲထွက်လူစာရင်းမှာမပါဝင်ခဲ့တဲ့ ရက်ဖို့စ်ကတော့ ဒီနေ့ပွဲမှာ ပွဲထွက်လာဖို့ရှိနေတာဖြစ်ပါတယ်။ရက်ဖို့စ်ဟာ လီဗာပူလ်းအသင်းနဲ့ ပွဲစဉ်မှာ အနိုင်ဂိုး ၂ ဂိုးသွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဆီဗီလာအသင်းရဲ့ ကစားသမား နာဗက် ကတော့ ဒီနေ့ပွဲကို လွဲချော်သွားဖို့ရှိနေတာဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ရက်စ်ဖို့စ်၊ လူကာကူ၊ ဆန်းချက်၊ တိုမီနေး၊ မာတစ်၊ ဖယ်လိုင်နီ၊ တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ဆီဗီလာအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ အန်ဇွန်ဇီ၊ ဗက်စ်ကွက်၊ ဘန်နီဂါ၊ ဆာရာဘီယာ၊ မူရီရယ်၊ ကော်ရီယာ တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ဘယ်အသင်းကတော့ နောက်တဆင့်ကို တတ်ရောက်သွားနိုင်မှာလဲဆိုတာကတော့ တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းနေခဲ့ပြီလည်းဖြစ်ပါတယ်။ဘယ်အသင်းကွာတားဖိုင်နယ်တတ်ရောက်သွားနိုင်မှာလဲ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။