သွားတွေက သဘာဝလို မဟုတ်ဘဲ ဝါနေတဲ့ အခါ၊ ညစ်နေတဲ့ အခါမျိုးမှာ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု ပျောက်ကင်းစေပြီး အနည်းနဲ့ အများတော့ စိတ်အနှောင့်အယှက်တော့ ဖြစ်ရပါတယ်။ လူတိုင်းက လှပဖြူဖွေးတဲ့ သွားလေးတွေကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါ့ကြောင့် လူသိများပြီး လွယ်ကူ ရိုးရှင်းသော အိမ်တွင်းကုထုံးလေးကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်သော ပစ္စည်း

- သံပရာရည် (လက်ဖက်စားဇွန်း ၁ ဇွန်း)

- Baking Soda (လက်ဖက်စားဇွန်း ၁ ဇွန်း)

အသုံးပြုပုံ

ထိုနှစ်ခုအား ရောသမအောင် မွှေပေး၍ သွားများကို ပွတ်တိုက်ပေးပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကြွေသွားများကို ဖြူဖွေးစေပြီး သွားများကိုလည်း သန့်ရှင်းတောက်ပြောင်စေမှာ ဖြစ်ပါတယ်။ 

ဒီလို အိမ်တွင်းကုထုံးကို အနည်းဆုံး ၃လမှ တစ်ခါမှသာ ပြုလုပ်ပေးသင့်ပါတယ်။ ခဏ ခဏ ပြုလုပ်ပေးမယ်ဆိုရင် ဆိုးကျိုးများ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီလို လုပ်တာတောင် တစ်ချို့က မဖြူဘူးဆိုရင် ဆက်လုပ်ပေးဖို့ မသင့်တော်ပါဘူး။ ထို့ကြောင့် သွားဖြူဖို့ တခြားနည်းလမ်းလေး ပြောင်းပါ။ ကြွေသွားတွေက တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။

အခြားသော နည်းလမ်းများအနေဖြင့် ၆ လတစ်ကြိမ်လောက် သွားဆေးခန်းမှာ သွားရောက်ပြီး whitening လုပ်လည်း ရပါတယ်။ အခြားသော အိမ်တွင်းကုထုံးနည်းလမ်းလေးတွေနဲ့လည်း သွားဖြူအောင် ပြုလုပ်လို့ရပါတယ်။ နောက်တစ်ခုက သွားကို နည်းလမ်း မှန်ကန်စွာ ပုံမှန်တိုက်ပေးပြီးတော့လည်း သွားဖြူအောင် ဂရုစိုက်လို့ ရပါတယ်။ အားလုံးပဲ တစ်နေ့ထက် တစ်နေ့ လှသထက် လှနိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။