ဒီပြိုင်ပွဲမှာတော့ လောင်စာ အသုံးပြုအလွန်အနည်းပါးဆုံးနဲ့ ပန်းတိုင်ကို ရောက်နိုင်ဆုံးကားကို အဓိကထားပြီး ဆုပေးသတ်မှတ်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲကို နိုင်ငံပေါင်း ၁၈ နိုင်ငံက ကျောင်းသားပေါင်း ၁၀ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

စင်ကာပူနိုင်ငံမှာ မတ်လ ၉ ရက်က ကျင်းပခဲ့ရာမှာတော့ အာရှပစိဖိတ်နဲ့ အရှေ့အလယ်ပိုင်းက ကျောင်းသားအများအပြား ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အနာဂတ်မှာ စွမ်းအင်ကုန်ကျမှု နည်းပါးသက်သာတဲ့ ကားတွေ တည်ဆောက်ဖန်တီးသွားရေး မျိုးဆက်သစ် လူငယ်မော်တော်ကား အင်ဂျင်နီယာတွေကို တွန်းအားပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ အဆိုပါ ပြိုင်ပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲတွေထဲက တစ်ခုအနေနဲ့ ခရီးမိုင် ပြိုင်ဆိုင်မှုဆိုတဲ့ ပြိုင်ပွဲတစ်ခုလည်း ပါဝင်ပြီး ယင်းမှာတော့ ပါဝင်ယှဉ်ပြိုင်ကြတဲ့ အဖွဲ့တွေအေနေနဲ့ လောင်စာဆီကုန်ကျမှု အနည်းဆုံးနဲ့ ခရီးမိုင်အဝေးဆုံး သွားနိုင်မယ့် ကားတွေနဲ့ ဝင်ပြိုင်ကြရတာဖြစ်ပါတယ်။

နောက်ပြိုင်ပွဲတစ်ခုကတော့ ကားမောင်းပြပြီး ပြိုင်ရတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး ယင်းမှာတော့ ကိုယ်တိုင်ဖန်တီးတည်ဆောက်ထားတဲ့ ကားတွေကို လောင်စာဆီ ကုန်ကျမှု အနည်းဆုံးနဲ့ ပန်းတိုင်ကို အမြန်ဆုံး ရောက်အောင် မောင်းပြနိုင်သူက အနိုင်ရမှာဖြစ်ပါတယ်။

ယခုပြိုင်ပွဲတွင်း ပါဝင်ယှဉ်ပြိုင်တဲ့ ကားတွေအားလုံးကတော့ လောင်စာဆီ ကုန်ကျမှု သက်သာအောင် ဖန်တီးတည်ဆောက်ထားတာဖြစ်ပါတယ်။

source - AFP news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။