Huawei ကတော့ P20 , P20 Pro နဲ့ P20 Lite စမတ်ဖုန်းများကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာယခုလ ၂၇ ရက်နေ့တွင် မိတ်ဆက်တော့ မှာ ဖြစ်ပါတယ်။ အဆိုပါဖုန်းရဲ့ သတင်းအချက်အလက်များဟာ ယခင်ကလည်း ပေါက်ကြားခဲ့ပြီး အခုလည်းအပြာရောင် Huawei P20 Lite ရဲ့ ဓါတ်ပုံများပေါက်ကြားထွက်ပေါ်လာပါတယ်။ဓါတ်ပုံမှာဖုန်းရဲ့ အနောက်ဘက်ကိုသာ ပြသထားတာ ဖြစ်ပြီး ယခင် ထွက်ပေါ်ခဲ့ဖူးတဲ့ ဓါတ်ပုံများနဲ့ တူညီပါတယ်။ 

ယခင် ပေါက်ကြား ခဲ့ဖူးတဲ့ သတင်းအချက်အလက်များအရ P20 Lite မှာ ၅.၈၄ လက်မ FHD+ Display တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ 2.36GHz Core လေးလုံးနဲ့ 1.7GHz Core လေးလုံးပါတဲ့ Octa-Core Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။4GB RAM, 64GB Storage , 3000mAh Battery များထည့်သွင်း ထားမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 16MP+2MP Camera နှစ်လုံးပါလာမှာပါ။ 

အရှေ့ဘက်မှာ 16MP Camera တစ်လုံး တပ်ဆင် ထားမှာ ဖြစ်ပါတယ်။ Android Oreo မောင်းနှင်မှာ ဖြစ်ပါတယ်။၄၅၀ ဒေါ်လာသတ်မှတ်ထားပါတယ်ပြီး ယူရိုအားဖြင့် ၃၆၉ ကျသင့်မှာ ဖြစ်ပါတယ်။ မိုဘိုင်းအော်ပရေတာရဲ့ တရားဝင် သတင်းအချက်အလက်များ ဖြစ်တဲ့အတွက် ယခုသတင်းအချက်အလက်များဟာမှန်ကန်မယ်လို့ ယူဆ ရပါတယ်။ 

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။