ထိုင်းမော်ဒယ် အာမလာဝန်အေမီစီရိခေတ္တရာဟာ သားဖြစ်သူကိုပေးခဲ့တဲ့အနမ်းတစ်ချက်ကြောင့် ပရိတ်သတ်များစွာရဲ့ဝေဖန်မှုကို ခံခဲ့ရပါတယ်။ သို့ပေမယ့်လည်း သူမကတော့ သူမရဲ့ အသက် ၁၂ နှစ်အရွယ် သားကို နမ်းတာ မသင့်တော်ကြောင်း ဝေဖန်သူတွေကို အပြစ်ကင်းစင်တဲ့ အနမ်းသာဖြစ်ကြောင်း ပြန်လည်ချေပခဲ့ပါတယ်။ 

ထိုင်းမော်ဒယ် အေမီက လူမှုကွန်ရက်ပေါ်မှာ သူ့သားနှုတ်ခမ်းကို အနမ်းပေးနေတဲ့ပုံ တင်ပြီးတဲ့နောက်မှာ လူတွေက သူမကို ပြစ်တင်ဝေဖန်မှုဟာ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ မော်ဒယ် အေမီကတော့ သူမက သားကို ခပ်ဖွဖွ မွှေးမွှေးပေးတာလို့ ပြန်လည်ချေပခဲ့ကာ ထိုင်းလူမျိုးတွေ အရမ်းကြီး အတွေးမခေါင်ကြပါနဲ့လို့ ပြောခဲ့တယ်လို့သိရပါတယ်။ 

“ဝေဖန်တဲ့သူတွေက ဒီပုံက မသင့်တော်ဘူး၊ ရုပ်ဆိုးတယ်၊ မရိုးသား ရှက်စရာလို့ ပြောတယ်။ ကျမ ပရိသတ်ကတော့ ကျမကို ထောက်ခံတယ်။ ကျမကို ဘာရယ်မဟုတ် မကြိုက်တဲ့ ဝေဖန်သူတွေနဲ့ ကျမပရိသတ်က နောက်ဆုံး ငြင်းခုန်မှုနဲ့ အဆုံးသတ်သွားကြတယ်” လို့ သူမက မျက်ရည်တွေနဲ့ ပြောကြားခဲ့ပါတယ်။ သူမဟာရှေ့လျှောက်မှာလည်း ပုံတွေကို ဆက်တင်သွားမယ်လို့ သိရပါတယ်ပရိတ်သတ်ကြီးတို့ရယ်။

source - snook! news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။