ဇာတ်သဘင်လောကမှာ ထိပ်တန်းကနေ အောင်မြင်နေတဲ့ ဇာတ်မင်းသား ဖိုးချစ်ကတော့ ဇာတ်သဘင်ယာဉ်တိမ်းမှောက်ခဲ့တဲ့ ဇာတ်အဖွဲ့သားတွေအတွက် အလှူငွေများ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။

မင်းမင်းဦးဇာတ်သဘင်အဖွဲ့ဟာ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နဲ့ နောင်ချိုမြို့နယ်အစပ်လမ်းတစ်နေရာမှာ တိမ်းမှောက်ခဲ့တဲ့ မင်းမင်းဦးဇာတ်အဖွဲ့သားများဟာ ကားမှောက်မှုကြောင့် လူသေဆုံးမှုတွေ ရှိခဲ့သလို ဒဏ်ရာရရှိတဲ့သူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီသတင်းဆိုးကြောင့် အောင်လံမြို့မှာ ကပြဖျော်ဖြေနေတဲ့ ဖိုးချစ်ဇာတ်အဖွဲ့ဟာ နောက်ဆုံးညကို ဆက်မကတော့ဘဲ ကားမှောက်မှုကြောင့် ထိခိုက်သေဆုံးခဲ့တဲ့ ဇာတ်အဖွဲ့သားတွေဆီ ကိုယ်တိုင်သွားရောက်ကာ အားပေးနှစ်သိမ့်မှုများ ပြုလုပ်ခဲ့ပြီး အလှူငွေများလည်း လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

ကားမှောက်ထိခိုက်သူတွေအတွက် အလှူငွေအဖြစ် အောင်လံမြို့မှာ ဖျော်ဖြေကပြလို့ ရရှိခဲ့တဲ့ ဇာတ်တစ်ဖွဲ့လုံးစာ ငွေကျပ်သိန်း (၃၀)ကျပ်ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။ 

ဇာတ်မင်းသားဖိုးချစ်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားသလို အခုလို လှူဒါန်းကုသိုလ်ယူမှုတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိတာ တွေ့ရပါတယ်..။

လတ်တလောမှာလည်း ဇာတ်ပွဲတွေ ဆက်တိုက်ကပြဖျော်ဖြေနေရပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာ သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်..။ 

Photo - ပတ္တမြားကေခိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။