ဒီကနေ့ မတ်လ(၁၃)ရက်နေ့ နေပြည်တော် သံတမန်ဇုန်ထဲရှိ သံရုံးတွေတည်ဆောက်ရာမှာ သံတမန်တွေအပန်းဖြေဖို့Relax လုပ်နိုင်မယ့်နေရာတွေ ပါရှိမှာ ဖြစ်တယ်လို့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ သိရပါတယ်။ သံတမန်တွေ အနေအထားက သူတို့နေနိုင်တဲ့ သူတို့နေရင် Relax လုပ်နိုင်တဲ့ အနေအထားမျိုးတွေ အပန်းဖြေတဲ့အနေအထားမျိုးတွေ သူတို့ရဲ့ Night Life တွေ အဲဒါတွေ ပါရမယ်။ သူတို့လိုချင်တဲ့ထဲမှာဖြစ်ဖြစ် ဒါမှမဟုတ် သင့်တော်တဲ့နေရာမျိုးပေါ့ ဒါတွေလည်း ဖန်တီးပေးရမယ်ပေါ့လို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်(၂)ဦးမင်းသူက ပြောပြခဲ့ပါတယ်။ 

အခုလို သံတမန်တွေ အပန်းဖြေနိုင်မယ့် ဖျော်ဖြေရေး အစီအစဉ်တွေကိုတော့ သူတို့ကိုယ်တိုင် စီစဉ်လာရမှာဖြစ်ပြီး နေပြည်တော်စည်ပင်အနေနဲ့ က ခွင့်ပြုပေးရမှာ ဖြစ်ပါတယ်။ 'သံတမန်ဇုန်အနေအထားမှာ ပါနိုင်တဲ့ အနေအထားမျိုးပေါ့ ကျောင်းတို့ဆေးရုံးတို့အပါအဝင်ပေါ့လေ သူတို့အပမ်းဖြေနိုင်မယ့် အနေအထားမျိုးတွေပါရတာပေါ့၊ နိုင်ငံတကာသံရုံးတွေရဲ့ ဆောင်ရွက်ရမယ့် ကိစ္စတွေပေါ့'လို့ ဦမင်းသူက ပြောပါတယ်။ နေပြည်တော်ရှိ သံတမန်ဇုန်ကို ပြီးခဲ့တဲ့ အစိုးရလက်ထပ်ကတည်းက ဖော်ဆောင်ခဲ့တာဖြစ်ပြီး ဇမ္ဗူသီရိမြို့နယ်အတွင်းမှာ တည်ရှိပါတယ်။ အကျယ်ဝန်အားဖြင့် ဧက ၁၅၅၀ အထိဖော်ဆောင်ထားရှိပြီး သည်ထဲမှာ မြေကွက် ၁၂၀ ကို ဖော်ဆောင်ထားပါတယ်။ မြေကွက်တစ်ခုရဲ့ အကျယ်အဝန်းကတော့ ၅.၇၄ ဧက ရှိကြောင်း သိရပါတယ်။ 

လက်ရှိမှာ မြေကွက်ငှါးရမ်းပြီးဖြစ်တဲ့ သံရုံးတွေကတော့ ဘင်္ဂလားဒေ့ရှ်သံရုံး၊ မလေးရှားသံရုံးနဲ့ ဘရူနိုင်းသံရုံးတို့ ဖြစ်ပါတယ်။ သည်ထဲမှာ ဘရူနိုင်းသံရုံးကတော့ သူတို့နိုင်ငံမှာရှိတဲ့ မြေကွက်နဲ့ ဖလှယ်တဲ့ စနစ်နဲ့ ဆောင်ရွက်ထားတာဖြစ်ပါတယ်။ နောက်ထပ် သံရုံးတွေ တည်ဆောက်ဖို့ အတွက် မြေကွက်ငှါးရမ်းဖို့ဆက်သွယ်ထားတဲ့ နိုင်ငံပေါင်းကတော့ ၁၇ နိုင်ငံရှိတယ်လို့ သိရပါတယ်။

Source - Kumudra

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။