လက်တလော ပရိသတ်တွေကြား စိတ်ဝင်စားမှုအများဆုံးနဲ့ရေပန်းစားနေတဲ့ စန္ဒီမြင့်လွင်တို့ မင်္ဂလာပွဲလေးကိုတော့ မြန်မာနိုင်ငံ Hip Hopလောကရဲ့ ဘုရင်တစ်ပါးဖြစ်တဲ့ အဆိုတော် J Meတစ်ယောက်လည်း တက်ရောက် ဂုဏ်ပြုခဲ့ပါတယ်။ J Me ကတာ့ Hip Hopဂီတလောကမှာ မသိတဲ့သူမရှိလောက်အောင်ကို အောင်မြင်ကျော်ကြားတဲ့ Rapper အဆိုတော် တစ်ယောက်ဖြစ်သလို စန္ဒီမြင့်လွင်နဲ့လည်း အကြမ်းဆုံးတေးသီချင်းတွေကိုလည်း အတူတူ ဖန်တီးခဲ့ကြဖူးတဲ့ အနုပညာမောင်နှမတွေပဲဖြစ်ပါတယ်။

မင်္ဂလာပွဲလေးကိုတက်ရောက်ဂုဏ်ပြုခဲ့တဲ့ အဆိုတော် J Meကတော့ စန္ဒီမြင့်လွင်တို့ရဲ့မင်္ဂလာညစာစားပွဲလေးမှာ ရည်းစားစကားလေး ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။ညစာစားပွဲလေးမှာတော့ ပရိသတ်တွေကြားမှာ အရမ်းကိုအောင်မြင်ကျော်ကြားခဲ့တဲ့ J MEရဲ့ “ငါချစ်တာမင်းအမ”ဆိုတဲ့ သီချင်းလေးတစ်ပုဒ်နဲ့ ရည်းစားစကားလေးဆိုလိုက်တာပဲ ဖြစ်ပါတယ်။ ပူပူနွေးနွေးသတို့သမီးလေးရဲ့ မင်္ဂလာပွဲလေးကို သီချင်းလေးတစ်ပုဒ်နဲ့ ဂုဏ်ပြလိုက်တာဖြစ်ပြီး သီချင်းလေးက အချစ်သီ ခပ်ကြမ်းကြမ်းလေးဖြစ်တာကြောင့် ဒီပွဲလေးမှာသီချင်းလေးနဲ့ ဂုဏ်ပြုရင်းရည်စားစကားပြောတာပါလို့ J Me ကအရွှန်းဖောက်လိုက်တာပဲ ဖြစ်ပါတယ်။


ဂီတလမ်းကြောင်းပေါ်မှာနှစ်တွေအကြာကြီး အတူတူဖြတ်သန်းခဲ့ကြဖူးတဲ့ မောင်နှမတွေ ဖြစ်တာကြောင့် မင်္ဂလာညစာစားပွဲလေးမှာလည်း သီချင်းတွေအတူတူသီဆိုခဲ့ကြပြီး ပရိသတ်တွေကို ဖျော်ဖြေခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဂုဏ်ပြုသီချင်းသံတွေနဲ့ တကယ်ကိုပျော်စရာကောင်းတဲ့ ညလေးတစ်ညဖြစ်တာကြောင့် ပွဲတက်လာသူပရိသတ်တွေအားလုံး ပျော်ရွှင်စွာသီချင်းတွေနဲ့ အတူလိုက်ပါစီးမျော ကခုန်သွားခဲ့ကြရတာပဲ ဖြစ်ပါတယ်။စန္ဒီမြင့်လွင် တို့ရဲ့ ညစာစားပွဲလေးကိုတော့ မတ်လ(၁၂)ရက်နေ့ မနေ့ညကပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - Wanna Kwar Nee

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။