နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အလင်းရောင်တစ်ေ်ယာက် MODA Magazine Cover အတွက် အမိုက်စားပုံရိပ်တွေ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အမြဲလိုလိုချစ်စဖွယ် အပြုံးလေးတွေနဲ့ ပရိတ်သတ်တွေကို ဖမ်းစားနိုင်ခဲ့သူလေးက ဒီတစ်ခါမှာတော့ ရုပ်အတည်နဲ့ ခပ်ချေချေ ခပ်မိုက်မိုက် ပုံစံလေးကို ဦးစားပေးပြီး Pose ပေးသွားတာဖြစ်ပါတယ်။ ဘယ်လိုနေ နေ ကြည့်ကောင်းလွန်းသူမို့ အလင်းရောင်ရဲ့ အမိုက်စားပုံရိပ်တွေက နှုတ်ခမ်းနီမလေးတွေ ကြားမှာ ရေပန်းစားလို့နေပါတယ်။

အလင်းရောင် ပါဝင်ရိုက်ကူးထားတဲ့ " ရွှေကြာ " ဆိုတဲ့ Drama ဇာတ်ကားဟာလည်း ဒီလ 16 ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပြီး ဆရာမ ပုညခင်ရဲ့ " အရှေ့တံခါးအဝင် " ဆိုတဲ့ ဝတ္ထုကို ပြန်လည်အသက်သွင်းထားတာဖြစ်တာကြောင့် တကယ့်ကိုကောင်းမယ့် ဇာတ်ကား တစ်ကားဖြစ်မှာ အသေအချာပါပဲ။ ပြည့်တန်ဆာမလေးတွေရဲ့ ဘဝကို ဦးစားပေးပုံဖော်ပြီး ရိုက်ကူးထားတာဖြစ်တာ ကြောင့် လက်တွေ့ဘဝကိုလဲ ထင်ဟပ်စေမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်မှာ အသေအချာပါပဲ။

အလင်းရောင်က သူ့ရဲ့အမိုက်စားပုံရိပ်တွေကို " ရွှေကြာထဲက သတိုးသိုက်ပုံပြောင်း " ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ အနက်ရောင်နဲ့ အစိမ်းရောင် ဖက်ရှင်တွေကို ပြောင်းလဲဝတ်ဆင် ထားပြီး ခပ်မိုက်မိုက်ပုံစံနဲ့ ရိုက်ကူးသွားတဲ့ အလင်းရောင်ရဲ့ ပုံရိပ်လေးတွေက တကယ်ကို ယောကျာ်းပီသပြီး ကြည့်ကောင်းလွန်းနေပါတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင် မှုတွေနဲ့ ရပ်တည်နေတာ အချိန်အတိုင်းအတာတစ်ခုထိရှိပြီဖြစ်တဲ့ မင်းသားအလင်းေ်ရာင်ရဲ့ အမိုက်စားပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Alinnyaung Light

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။