ဒီနည်းလမ်းတွေနဲ့ တစ်နေ့တာစိတ်ညစ်ညူးနေတာတွေ ဖယ်ရှားနိုင်ပါတယ်။ ကိုယ်ခံစားနေရတဲ့ စိတ်ဆင်းရဲပင်ပန်းမူတွေကို အကောင်းဆုံးဖြေဖျောက်နိူင်မယ့်နည်းလမ်းတစ်ချို ့ကိုဖော်ပြပေးလိုက်ပါတယ်။

၁။ ပြုံးပါ

သင့်ခံစားချက်တွေကို ပြောင်းလဲနိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ပြုံးခြင်းပါ။ တကယ်လို ့ပြုံးဖို ့ခက်ခဲနေမယ်ဆိုရင်လဲ အပြုံးတုတစ်ခုဖန်တီးလိုက်ခြင်းက သင့်ခံစားချက်တွေကို အနည်းငယ်သက်သာသွားစေမှာပါ။စိတ်ဓါတ်ကျနေတဲ့အချိန်မှာ ကိုယ်တိုင် စိတ်ပါလက်ပါ ပြုံးနိုင်ဖို ့ကို အချိန်ယူပြီး ကြိုးစားကြည့်ပါ။ ပထမဆုံးအနေနဲ ့ အဲ့ဒ ါကနည်းနည်းတော့ ထူးဆန်းနေပါလိမ့်မယ်။ ဒါပေမယ့် လုပ်ကြည့်ရင်းနဲ့ တဖြည်းဖြည်းလွယ်ကူလာမှာပါ။ဒါ့အပြင် သင်ကိုယ်တိုင်စိတ်ပါလက်ပါ မကြာခဏပြုံးနေမိတာကိုလည်း သတိထားမိလာပါလိမ့်မယ်။

၂။ ပျော်ရွင်စရာကောင်းတဲ့ အရာတစ်ခုခုကို ကြည့်ပါ။ နားထောင်ပါ။

ရယ်မောခြင်းဟာ စိတ်ခံစားမှု အခြေအနေကို မြှင့်တင်ပေးနိုင်ပါတယ်။ ဟာသဇာတ်လမ်းတစ်ပုဒ်ကိုကြည့်ပါ ဒါမှမဟုတ် အရမ်းရယ်ရတဲ့ အစီအစဉ်တစ်ခုကို နားထောင်လိုက်ပါ။ ၁၀ မိနစ်ကနေ မိနစ် ၃၀ လောက်အထိ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ခြင်းက သင့်စိတ်ခံစားမှုကိုချက်ချင်း ကောင်းမွန်သွားစေနိုင်ပါတယ်။တစ်ခါလောက် အကြာကြီးရယ်လိုက်ရရုံနဲ ့တင် စိတ်ညစ်စရာခြေအနေတွေ စိတ်ဖိစီးစရာတွေကို ခံနိုင်ရည်ရှိသွားစေနိုင်မှာပါ။

၃။ ထွက်သွားလိုက်ပါ

တကယ်လို ့များ သင့်ရဲ့စိတ်ညစ်စရာတွေဟာ လူတစ်ဦးတစ်ယောက်ကြောင့် ဒါမှမဟုတ် ဆိုးရွားတဲ့ အခြေအနေတစ်ခုကြောင့် ဖြစ်နေတယ်ဆိုရင် အဲဒီအဖြစ်အပျက်တွေနဲ့ဝေးရာကို ထွက်သွားလိုက်ပါ။ အဲ့လိုအခြေအနေမျိူးမှာတင်းခံနေဖို့ သင့်ကိုသင် တွန်းအားပေးမနေပါနဲ့။ နာရီပိုင်းလောက်လေးထွက်သွားလို ့ရမယ်ဆိုရင်တောင်မှ ထွက်သွားလိုက်ပါ။ သူငယ်ချင်းတွေနဲ့ လျှောက်လည်တာဖြစ်ဖြစ် တစ်ယောက်တည်း ရုပ်ရှင် သွားကြည့်တာဖြစ်ဖြစ် စိတ်ကျေနပ်စရာတစ်ခုခုလုပ်လိုက်ပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် စိတ်ဓါတ်ကျလာပြီဆိုရင် ခဏလောက် အနားယူလိုက်ပါ။ ခရီးတိုလေးတစ်ခုထွက်တယ်လို ့စဉ်းစားလိုက်ပါ။အဲဒါကသင့်ရဲ့ စိတ်နဲ ့ခံစားချက်တွေကိုရှင်းထုတ်ပစ်နိုင်မယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

၄။ ပူးပူးကပ်ကပ်နေပါ

သင့်အတွက် အရေးပါတဲ့ လူတစ်ယောက်နဲ့ ပူးပူးကပ်ကပ်နေခြင်းဟာလည်း စိတ်ခံစားချက်အတွက်ကောင်းမွန်လာစေမယ့် နည်းလမ်းကောင်းတစ်ခုပါပဲ။ ဒီလိုနေခြင်းဟာ စိတ်ပူပန်မှုတွေကို လျော့ကြစေနိုင်သည့်အပြင် သင့်ကို ပိုပျော်လာစေပါလိမ့်မယ်။ သင်ကြိုက်နှစ်သက်တဲ့ အရာတစ်ခု မှမဟုတ် သင်ရဲ့ အိမ်မွေးတိရစ္ဆာန်ကို ပွေ့ယူပြီးတော့စောင်တစ်ထည်ယူခြုံပြီး သင့်စိတ်ကြိုက် ရုပ်ရှင်တစ်ကား ကိုအတူတကွပူးကပ်ပြီး ကြည့်လိုက်ပါ။သင်ချစ်တဲ့သူတစ်ဦးဦးနဲ့ ပူးပူးကပ်ကပ်နေလိုက်ခြင်းထက်ပိုကောင်းတဲ့ စိတ်အပန်းဖြေနည်းလမ်းမျိုးရှိနိုင်ပါဦးမလား။

၅။ သူငယ်ချင်းတွေနဲ့စကားပြောပါ

သူငယ်ချင်းများရှိခြင်းရဲ့ အကျိူးကျေးဇူးကတော့ သင်စိတ်ဓါတ်ကျနေချိန်တွေမှာ သူတို့တွေကစိတ်သက်သာလာအောင် မြှင့်တင်ပေးပါလိမ့်မယ်။ သင်ဘာဖြစ်နေတယ်ဆိုတာကို ပြောပြနေစရာမလိုပါဘူး။ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတစ်ချို့နဲ့တွေ ့ပြီး ပျော်စရာကောင်းမယ့် တစ်ခုခုလုပ်ကြည့်ပါ။ ရောက်တတ်ရာရာလျှောက်ပြောပါ။ လမ်းဖြတ်ကူးသွားတဲ့ ကောင်လေးချောချော တစ်ယောက်အကြောင်းလိုမျိူးပေါ့။ သင့်ရဲ့ ညစ်ညူးနေတဲ့ စိတ်တွေထွက်ပြေးပြီး ပိုပျော်စရာကောင်းလာတာကို ခံစားမိလာပါလိမ့်မယ်။နောက်ပိုင်းမှာ သင်ရဲ့ပြသာနာတွေကို ရင်ဆိုင်ဖို ့ အတွက်လည်း ပိုလွယ်လာပါလိမ့်မယ်။

၆။ သင်အကြိုက်ဆုံး အစားအစာကို စားပါ

တကယ်လို ့ သင်ဟာဝိတ်ချနေတယ် ဆိုရင်တောင်မှ သင်အကြိုက်ဆုံး အစားအစာကို စိတ်ကြိုက်စားလိုက်ပါ။ သင်အကြိုက်ဆုံး အစားအစာကို စားခြင်းက သင့်စိတ်ကို ပျော်ရွှင်လာစေမှာပါ။ အရသာကကောင်းလွန်းတော့ သင့်စိတ်ကို နွေးထွေးစေတဲ့ကျေနပ်မှုကိုရစေမှာပါ။အများကြီးစားစရာမလိုပါဘူး။ ညစာအတွတ် ဘာဂါအသေးလေး တစ်လုံးဖြစ်ဖြစ် အကြော်တစ်ခုခုဖြစ်ဖြစ် ယူစားလိုက်ပါ။ ကိုယ့်ကိုကိုယ် ဂရုတစိုက်နဲ့ တစ်ခုခုပြုလုပ်ခြင်းကလည်း သင့်စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒီနည်းလမ်းကခံစားချက်ပိုကောင်းလာပြီး စိတ်ပူစရာတွေလျော့ကျလာစေပါလိမ့်မယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။