ဝါးခယ်မမြို ့နယ် ရွှေလောင်း အထကမှ နဝမတန်းနှင့် သတ္တမတန်း ကျောင်းသူနှစ်ဦး ကြိုးဆွဲချသေဆုံးကြောင်းသိရပါတယ်။ကလေးနှစ်ဦးမှာ တအိမ်တည်းနေ ညီအစ်မနှစ်ဦးဖြသ်ပြီး တစ်ချိန်တည်း တစ်ပြိုင်တည်း ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားကြောင်းသိရပါတယ်။ ကြိုးဆွဲချသေဆုံးသွားသူနှစ်ဦးမှာ ရွှေလောင်း ရွာမပိုင်းတွင် နေထိုင်ကြသူများဖြစ်ကြောင်း သိရပါတယ်။

ကလေးများ၏ မိဘ အရင်းများမှာ အတူမနေကြပါ။ အဖိုး အဖွား များမှာလည်း ခရီးသွားနေသည်က များပါသည်။ အိမ်တွင်ကလေး ၃ ယောက်တည်းသာ အနေများပါသည်။ စီးပွားရေးအရလည်း မိဘများမှ ထောက်ပံ ့ပေးနေသဖြင့် အဆင်ပြေကြပါသည်။ သေဆုံးသွားသော ကလေးငယ်နှစ်ဦးမှာ ကျောင်းတွင်၂ယောက်စလုံးမှာ စာမညံ့ကြပါ။

ရီးစားပြသနာများ အရှုပ်အထွေးလည်း မကြားရပါ တနင်္လာနေ့ တွင် နဝမတန်းကျောင်းသူ စာမေးပွဲ လာမဖြေ သလို သတ္တမတန်း ကျောင်းသူလည်း ကျောင်းမတက်ပါ။ နေမကောင်း၍ မလာဟုသိရပါတယ်။

ဆရာဝန်ဆေးစစ်ချက်အရ ကြိုးဆွဲချသော ဒဏ်ရာကြောင့် သေဆုံးရသည်ဟု သိရပါတယ်။

မိန်းကလေးဖြစ် သဖြင့် အားလုံးစိုးရိမ်ကြသော (Rape case)

လက္ခဏာလည်း မတွေ ့ရဟု သိရှိရသဖြင့် ရဲတပ်ဖွဲ့ မှ သေမှုသေခင်း ဖွင့်လှစ်ဆောင်ရွက် နေကြောင်း သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။