စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် တံခွန်တိုင်ဘုန်းတော်ကြီးကျောင်းတွင် ရှေးနှစ်ပေါင်း ၁၅၀ကျော်ရှိလက်ရေးမူပေလွှာများ တွေ့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဘုန်းတော်ကြီးကျောင်းအတွင်းက မှန်ဘီရိုထဲတွင်သိမ်းထားတဲ့ သံဗူးကြီးများအတွင်းမှ တွေရှိခဲ့ရတာဖြစ်ပြီး ကောဇာသက္ကရာဇ် ၁၂၂၂ ခုနှစ် စာ တမ်းပါ လက်ရေးမူပေစာများတွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့သိရပါတယ်။ သံဗူးတွေကိုဘီရိုထဲမှာစနစ်တကျသိမ်း ထားရကတော့ သံဗူးထဲက လက်ရေးမူပေစာတွေက ရှေးနှစ်ပေါင်းတစ်ရာကျော်လောက်မှာ ဘုရင်တွေကိုတင် လျောက်တဲ့လက်ရေးမူပေလွှာတွေ အများအပြားရှိနေလို့ပါလို့ တံခွန်တိုင်ကျောင်းထိုင် ဆရာတော်ဦးဝိလာ သဂ္ဂက ပြောပါတယ်။ 

ဆရာတော်ထုတ်ပြခဲ့တဲ့ သံဗူးအရှည်မှာငါးပေခန့်ရှိပြီး ကျောင်းပေါ်ရှိမှန်ဘီရိုထဲတွင် သံဗူးလေးဗူးရှိတာပဲ ဖြစ်ပါ တယ်။အဆိုပါပေလွှာထည့်ပြီး သိမ်းထားသောသံဗူးများမှာလည်း ယင်းပေလွှာများကဲ့သို့ပင်နှစ်ပေါင်း၁၅၀ကျေ ာ်ရှိပြီလို့ သိရပါတယ်။၎င်းရှေးဟောင်းသံဗူးများနှင့် ပေလွှာများကိုတော့ မဲဇာချောင်းအနီးတွင်ရှိတဲ့ဘုန်းတော်ကြီး ကျောင်းတွင် တွေ့ရှိနိုင်တာပဲ ဖြစ်ပါတယ်။ 

ရှေးလက်ရေးစာမူပုရပိုဒ်များရှိနေတဲ့ တံခွန်တိုင်ဘုန်းတော်ကြီးကျေ ာင်းသို့ ပြည်တွင်းပြည်ပ ကမ္ဘာလှည့် ခရီးသည်များ အနေနဲ့လာရောက်လေ့လာကြည့်ရှုနိုင်တယ်လို့ ဒေသတစ်ဦးကပြောပါတယ်။တံခွန်တိုင် ဘုန်းတော်ကြီး ကျောင်းကတော့ အင်းတော်မြို့ရဲ့ အနောက်ဘက်တွင်ရှိပြီး မြို့နှင့်ရှစ်မိုင်သာဝေးတဲ့ မဲဇာချေ ာင်းအနီးတွင်တည်ရှိတာပဲ ဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။