နှင်းဆီပန်သူ ရုပ်ရှင်ဇာတ်ကားကို ၂၀၁၆ခုနှစ် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ဖို့အတွက် တစ်ရက်တည်း ရုံတင်ပြသသွားမယ််လို့ သိရပါတယ်။ ဒါရိုက်တာ ဟိန်းစိုးရိုက်ကူးထားတဲ့ အဲ့ဒီဇာတ်ကားကို ဒီဇင်ဘာ (၂၂)ရက်နေ့ ၁ဝနာရီတွင် ရှေ့ဆောင်အဆင့်မြင့် ရုပ်ရှင်ရုံမှာ ပြသသွားမယ်လို့ ဆိုပါတယ်။

"ဦးက ဒီရုပ်ရှင်ကားကို ဒီနှစ်သင်္ကြန်မှာဘဲ ရိုက်ကူးခဲ့တာပါ၊ ဒီနှစ်အကယ်ဒမီ စာရင်းဝင်ဖို့အတွက် လာမယ့် ၂၂ ရက်နေ့ တစ်ရက်တည်းသာ ပြသဖို့စီစဉ်ထားပါတယ်၊ ဒီကားကို ဒီနှစ်သင်္ကြန်မှာဘဲ ရိုက်ကူးထားတာပါ၊ ဇာတ် လမ်းစ၊ အစအဆုံး မန္တလေးမြို့နယ်မှာ ရိုက်ကူးခဲ့တာပါ" လို့ ဒါရိုက်တာ ဟိန်းစိုးက ပြောကြားခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်များမှာ အကယ်ဒမီနောင်နောင်၊ ရဲအောင်၊ အိန္ဒြာကျော်ဇင်၊ ဇော်ဦး၊ ဇင်ဝိုင်း၊ မေသန်းနု နှင့် အခြား သရုပ်ဆောင် ပေါင်းများစွာ ပါဝင်ရိုက်ကူးထားတယ်လို့ သိရှိရပါတယ်။

နှင်းဆီပန်သူ ရုပ်ရှင်ဇာတ်ကားဟာ မန္တလေးမြို့ရဲ့ အလှအပများကို ပေါ်လွင်အောင် ရိုက်ကူးထားတာဖြစ်ပြီး တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ သင်္ကြန်မိုး၊ ဒဏ္ဍာရီ ၊ မမစိမ်း စသည့် ရုပ်ရှင်ဇာတ် ကားများကို ပေါင်းစပ်၍ ရိုက်ကူးထားသော အချစ်ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ သို့သော်လည်း အကယ်ဒမီ နောင်နောင် ပါဝင် ထားတဲ့ ကားဖြစ်တဲ့ အပြင် နောင်နောင် တစ်ယောက်ဟာ ဒီနှစ်မှာထပ် အကယ်ဒမီ ရဖို့ မှန်းနေတယ်လို့ ယူဆရပါလိမ့်မယ်။

Source : Duwunn

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။