"တရုပ်မလေးတွေက မြန်မာမလေးတွေလောက် ချစ်စရာမကောင်းဘူးဗျ" ဆိုတဲ့ မင်းသွေး

မြန်မာ့အနုပညာလောကရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ နေတိုးရဲ့ညီ မင်းသွေးကတော့ မြန်မာမလေးတွေက ပိုချစ်ဖို့ ကောင်းသတဲ့လေ……………

မင်းသွေးဟာ "ထိုးစစ်" ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးခွေအတွက် ပြင်ဆင်လျက်ရှိနေရာ သီချင်းခြောက်ပုဒ် ပြီးမြောက်ပြီး တစ်ဝက်ကျော် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ ဒီအခွေထဲမှာ ပါမယ့် "မင်းအပြစ်" သီချင်းဟာ ရက်ရက်စက်စက်လူသတ်ခန်းအချို့ပါဝင်နေတဲ့အတွက် ဆင်ဆာအတွက် စိတ်ပူနေတယ်လို့ သိရပါတယ်။

မင်းသွေးဟာ ခရီးသွားပရိုဂမ်တစ်ခုအတွက် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး MTV တစ်ချို့ကိုလည်း တရုတ်မှာ ရိုက်ဖြစ်မယ်လို့ ဆိုပါတယ်။ သူရဲ့ တရုတ်ခရီးစဉ်နဲ့ ပတ်သတ်တဲ့ အင်တာဗျူးတစ်မှာ မင်းသွေးဖြေခဲ့တာလေးဟာ မြန်မာမလေးတွေကို သဘောတွေ့စေပါတယ်။

"တရုပ်မလေးတွေက မြန်မာမလေးတွေလောက် ချစ်ဖို့မကောင်းဘူးဗျ" တဲ့လေ…………

Source: Min Thway Fan Page

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။